လူငယ်ကစားသမားအများအပြားပါဝင်လာတဲ့ မန်ယူရဲ့ယူရိုပါလိဂ်လူစားရင်း

မန်ယူဟာယူရိုပါလိဂ်အတွက် ကစားသမား၃၀ဦးစာရင်းကိုကြေညာလာပါတယ်။မန်ယူရဲ့ယူရိုပါလိဂ်လူစာရင်းမှာဒဏ်ရာကြောင့်အနားယူနေရတဲ့လုခ်ရှောနဲ့အဇယ်တွန်ဇီဘီတို့မှလွဲပြီးကျန်ကစားသမားအားလုံးပါဝင်ပါတယ်။မန်ယူဟာဗုဒ္ဓဟူးနေ့မှာဩစတြီးယားကလပ် LASKကိုရင်ဆိုင်ကစားရပါမယ်။အိုလေဂန်းနားဆိုးလ်ရှားဦးဆောင်တဲ့မန်ယူဟာပထမအကျော့တုန်းကဩစတြီးယားမှာ၅-၀ဖြင့်အနို်ငရရှိထားတာကြောင့်နောက်တစ်ဆင့်သို့တက်ရောက်ဖို့ရာနှုန်းပြည့်သေချာနေပါတယ်။၂၀၁၉-၂၀ယူရိုပါလိဂ်ပြိုင်ပွဲကိုဆုံးခန်းတိုင်အောင်ကစားသွားမှာဖြစ်ပြီးကွာတားဖိုင်နယ်မှ ဗိုလ်လုပွဲအထိပွဲစဉ်များအားဂျာမနီမှာရှုံးထွက်ပွဲစဉ်များအဖြစ်ကျင်းပသွားပါမယ်။ မန်ယူရဲ့ကစားသမား၃၀ဦးစာရင်းမှာဇွန်လလယ်ကတည်းကဒဏ်ရာကြောင့်အနားယူလာခဲ့ရတဲ့ဖီးလ်ဂျုံးစ်ပါဝင်လာသလိုလူငယ်ကစားသမားတွေလည်းပါဝင်လာပါတယ်။မန်ယူလူငယ်အသင်းခေါင်းဆောင်တီဒန်မန်ဂီလည်းပါဝင်ကာကျောနံပါတ်၇၁ကိုဝတ်ဆင်ပါမယ်။ဒါ့အပြင်ယခုရာသီမှာစီနီယာအသင်းအတွက်နှစ်ပွဲကစားထားပြီးဖြစ်တဲ့အီသန်လတ်လည်းပါဝင်သလိုယမန်နှစ်ကယူရိုပါလိဂ်ပွဲမှာပါဝင်ကစားခဲ့တဲ့မြောက်အိုင်ယာလန်လက်ရွေးစင်အီသန်ဘယ်ဘရတ်လည်းပါဝင်ပါတယ်။ မန်ယူရဲ့ယူရိုပါလိဂ်အတွက်ကစားသမား၃၀ဦးစာရင်းကတော့ဂိုး-ဒီဂီယာ၊ရိုမီရို၊လီး ဂရန့်၊နသန်ဘီရှော့။နောက်တန်း-အဲရစ်ဘိုင်လီ၊ဒိုင်အိုဂိုဒါလော်၊တမ်ဖိုဆူမန်ဆာ၊ ဖီးလ်ဂျုံးစ်၊အီသန်လတ်၊ဗစ်တာလင်ဒီလော့ဖ်၊ဟယ်ရီမက်ဂွိုင်းယား၊တီဒန်မန်ဂီ၊အေရွန်ဝန်ဘစ်ဆာကာ၊ဘရွန်ဒန်ဝီလီယမ်။အလယ်တန်း-ပီရီရာ၊ဖာနန်ဒက်စ်၊ဖရက်၊ဂယ်ဘရတ်၊ဂျိမ်းစ်ဂါနာ၊ လင်ဂတ်၊မာတာ၊မာတစ်၊မက်တိုမီနေး၊ပေါ့ဘာ။ရှေ့တန်း-တီဟတ်ချောင်၊ဂရင်းဝုဒ်၊အိုင်ဂါ လို၊မာရှယ်၊ရပ်ရှ်ဖို့ဒ်တို့ဖြစ်ပါတယ်။

ဆန်းချက်နဲ့စမောလင်းကိုအလိုက်ပေးပြီးအင်တာမီလန်နောက်ခံလူကို မန်ယူကမ်းလှမ်း

မန်ချက်စတာယူနိုက်တတ်အသင်းဟာ စီးရီးအေမှာ အငှားချထားတဲ့ကစားသမားနှစ်ဦးဖြစ်တဲ့ ဆန်းချက်နဲ့စမောလင်းတို့ကိုအလိုက်ပေးပြီး အင်တာမီလန်အသင်းရဲ့ စလိုဗက်ကီးယားနောက်ခံလူမီလန်စကယ်ရီနားကို ခေါ်ယူဖို့ကမ်းလှမ်းလိုက်ပါတယ်။စကယ်ရီးနားဟာ နည်းပြဆိုးရှား လိုချင်နေတဲ့ ဘယ်ခြေအားသန်ဗဟိုနောက်ခံလူအမျိုးအစားမဟုတ်ပေမယ့်အခုဘောလုံးရာသီမှာအတင်တာမီလန်အသင်းအတွက် ခြေစွမ်းပြသထားနိင်ခဲ့သူပါ။အသက်၂၅နှစ်အရွယ် အဆိုပါစလိုဗက်ကီးယားနောက်ခံလူဟာအင်တာမီလန်အတွက်၃၃ပွဲကစားခဲ့ပြီးနှစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ မီလန်စကယ်ရီနားကို ၂၀၁၇ခုနှစ်တုန်းကဆန့်ဒိုးရီးယားအသင်းကနေ အင်တာမီလန်အသင်းကယူရို၃၄သန်းနဲ့ဝယ်ယူခဲ့တာပါ။ဆန်းချက်ကို အပြီးသတ်ခေါ်ယူချင်နေတဲ့ အင်တာမီလန်ဟာ စကယ်ရီးနားကိုတော့ရောင်းချလိုခြင်းမရှိဘဲယူနိုက်တတ်ရဲ့ကမ်းလှမ်းမှုကိုငြင်းပယ်ဖို့ရှိနေတဲ့အတွက် ယူနိုက်တတ်ရဲ့ အခြားဗဟိုခံစစ်မှူးတစ်ဦးဖြစ်တဲ့ …

လီပါပူးနည်းပြကိုဖုန်းဆက်ဂုဏ်ပြုခဲ့တဲ့ ယူနိုက်တတ်ဂန္ဓဝင်နည်းပြကြီးဖာဂူဆန်

မန်ချက်စတာယူနိုက်တတ်အသင်းရဲ့ ဂန္ဓဝင်နည်းပြကြီးဖာဂူဆန်ကလီပါပူးနည်းပြ ဂျာဂန်ကလော့ကိုLMAရဲ့တနှစ်တာအကောင်းဆုံးနည်းပြအဖြစ်ရွေးချယ်ခံရပြီးနောက် မနက်အစောပိုင်းမှာ ဖုန်းဆက်ဂုဏ်ပြုခဲ့ကြောင်းSky Sportသတင်းမှာဖေါ်ပြထားပါတယ်။ ဖာဂူဆန်ဟာ ကလော့ဆီကို တနင်္လာနေ့မနက်အစောပိုင်းက ဖုန်းဆက်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ခဲ့တာနဲ့ LMAရဲ့တနှစ်တာအကောင်းဆုံးနည်းပြဆုရရှိခဲ့တာတွေကြောင့် ဂုဏ်ပြူစာကားပြောကြားခဲ့တာပါ။ ဖာဂူဆန် က ကလော့ ရေမနက်အစောကြီးဖုန်းဆက်တဲ့အတွက် တောင်းပန်ပါတယ် ဒီနှစ်မင်းရဲ့နည်းပြအဖွဲ့နဲ့အသင်းရဲ့လုပ်ဆောင်ချက်တွေက …

လုရှောနှင့်ဘိုင်ယီတို့ယူနိုက်တတ်လူစာရင်းတွင်ပြန်လည်ပါဝင်လာမည်

မန်ချက်စတာယူနိုက်တတ်အသင်းမှဒဏ်ရာကြောင့်အနားယူနေရတဲ့ နောက်ခံကစားသမားတွေဖြစ်တဲ့ လုရှောနှင့်အဲရစ်ဘိုင်ယီတို့ဟာ ယနေ့ညယှဉ်ပြိုင်ကစားမယ့် လက်စတာအသင်းနဲ့ပွဲစဉ်မှာ ယူနိုက်တတ်အသင်းရဲ့လူစာရင်မှာ ပြန်လည်ပါဝင်လာဖွယ်ရှိတဉ်လို့နည်းပြဆိုးရှားပြောကြားခဲ့ပါတယ်။  

နောက်နှစ်မှာ ယူနိက်တက်ကြုံနိုင်တဲ့ ကြောက်စရာအခြေအနေကို ရွိင်ကိန်းသတိပေးပြီ

နောက်နှစ်မှာ ယူနိက်တက်ကြုံနိုင်တဲ့ ကြောက်စရာအခြေအနေကို ရွိင်ကိန်းသတိပေးပြီ မန်ချက်စတာယူနိက်တက်အသင်းအနေနဲ့ ဒီနှစ်နွေမှာ လူသစ်ခေါ်ရေးစီမံချက်ဆိုပြီး ပရိတ်သတ်တွေကို ပေးခဲ့တဲ့ ကတိကို တည်အောင် အမြန်အကောင်အထည်ဖော်သင့်ကြောင့် မန်ချက်စတာယူနိက်တက်အသင်းရဲ့ ဂန္တဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ရွိင်ကိန်းကသတိပေးပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ လတွေတုန်းကတည်းက ရွိင်ကိန်းဟာ ယူနိက်တက်အသင်းနဲ့ပက်သက်ပြီး ဝေဖန်မှုတွေပြင်းပြင်းထန်ထန်လုပ်ခဲ့ပြီး …

ပေါ့ဘာစာချုပ်ကိစ္စ အာဆင်နယ်ဆီက သင်ခန်းစာယူရမယ့် ယူနိုက်တက်

ပေါ့ဘာစာချုပ်ကိစ္စ အာဆင်နယ်ဆီက သင်ခန်းစာယူရမယ့် ယူနိုက်တက် လက်ရှိနိုင်ငံတကာအားကစားသတင်းတွေမှာ ထိပ်တန်းရောက်နေတာကတော့ပေါ့ဘာဟာယူနိက်တက်မှာဆက်ရှိမှာလား မရှိဘူးလား? ယူနိက်တက်ဘက်က ပေါ့ဘာကို ထွက်ခွာခွင့်ပေးမှာလား? လစာများစွာတိုးပေးပြီး စာချုပ်သစ်ချုပ်ဆိုဖို့အပြင်းအထန်ကြိုးစားသွားမှာလားဆိုတာပဲဖြစ်ပါတယ်။ လောလောဆယ်အခြေအနေမှာ ပေါ့ဘာအေးဂျင့်ရွိင်းအိုလာက ပြင်သစ်နိုင်ငံမှာ ပီအက်စ်ဂျီဥက္ကဌနဲ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့လို့ ယူနိက်တက်ဘက်က ပေါ့ဘာကို ပရီးမီးယားလိဂ် စံချိန်တင်လစာ …

ဗားရိန်းဈေးကိုင်နေလို့ ပေါင်၅၆သန်းတန်နောက်ခံမွန်းစတားကို ခေါတော့မယ့် မန်ယူ

ဗားရိန်းဈေးကိုင်နေလို့ ပေါင်၅၆သန်းတန်နောက်ခံမွန်းစတားကို ခေါတော့မယ့် မန်ယူ မန်ချက်စတာယူနိက်တက်အသင်းကတော့ ပြီးခဲ့တဲ့ တစ်ရာသီလုံး ပလိုင်းပေါက်နဲ့ဖားကောက်ဖြစ်နေခဲ့တဲ့နောက်တန်းကို ပြုပြင်ဖာထေးဖို့ နောက်ခံမွန်းစတားတစ်ယောက်ကို မဖြစ်မနေခေါ်ဖို့လိုအပ်နေတာပါ၊ ယူနိက်တက်အသင်းဟာ အသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့တွဲဖက်ကစားနိုင်မယ့် နောက်ခံလူကို ရှာဖွေနေတာဖြစ်ပြီး ရီးလ်ရဲမက်ဒရစ်အသင်းက ဗားရန်းကို အဓိက ဦးစားပေးပစ်မှတ်ထားခဲ့ပါတယ်။ …

ယူနိက်တက်ကြောင့် ဆန်ချိုမကစားရတာဆိုပြီး ဖောင်းထုနေတဲ့ကိစ္စ ဆောက်ဂိတ်ရှင်းပြီ

ယူနိက်တက်ကြောင့် ဆန်ချိုမကစားရတာဆိုပြီး ဖောင်းထုနေတဲ့ကိစ္စ ဆောက်ဂိတ်ရှင်းပြီ မန်ချက်စတာယူနိက်တက်အသင်းရဲ့ ဘိုးတော်မင်းလေးဘက်ကုန်းလောက်ကတည်းက မျှော်မှန်းထားတဲ့ ကာလအင်မတန်ရှည်ပစ်မှတ် ဆန်ချိုဟာ သူ့ရဲ့နိုင်ငံလက်ရွေးစင်အသင်းဖြစ်တဲ့ အင်္ဂလန်အသင်းမှာ တစ်ပွဲမှမကစားရသေးတာနဲ့ပက်သက်ပြီး ဝေဖန်မှုတွေအမျိုးမျိုးထွက်နေပါတယ်။ အထူးသဖြင့် နိုင်ငံခြားက၁၉သင်းဖန်တွေနဲ့ ပြည်ထောင်စုသမ္မတဖောင်းထုရေးမြန်မာနိုင်ငံတော်ကြီးမှဖန်အများစုဟာ မန်ချက်စတာယူနိက်တက်အသင်းကြောင့် ဆန်ချိုပါ အင်္ဂလန်အသင်းမှာမကစားရတော့တာဖြစ်တယ်လို့ ထရိုးနေကြတာဖြစ်ပြီး …

ဥရောပစူပါလိဂ်ကိုစလုပ်ခဲ့တဲ့ အစစ်အမှန်တရားခံက မန်ယူနဲ့လီဗာပူးဆိုပြီး စွပ်စွဲလိုက်တဲ့ ဘာစီ

ဥရောပစူပါလိဂ်ကိုစလုပ်တဲ့ အစစ်အမှန်တရားခံက မန်ယူနဲ့လီဗာပူးဆိုပြီး စွပ်စွဲလိုက်တဲ့ ဘာစီ ဘောလုံးကမ္ဘာအတွက် ဟိုးလေးတစ်ကျော်ကျော်ဖြစ်ခဲ့တဲ့ ဥရောပစူပါလိဂ်ပြသာနာဟာ ခုထိမပြီးဆုံးသေးပဲ တငွေ့ငွေ့လောင်ကျွမ်းနေဆဲပဲဖြစ်ပါတယ်။ April လ 18 ရက်နေ့မှာဘောလုံးကမ္ဘာအတွက်သတင်းဆိုးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ပရီးမီးယားလိဂ်က အင်္ဂလန်ထိပ်သီးကလပ်အသင်းတွေဖြစ်တဲ့ မန်ယူ,မန်စီးတီး,လီဗာပူး,အာဆင်နယ်,စပါးအီတလီ စီးရီးအေက ဂျူ ဗင်တပ်,အင်တာမီလန်,အေစီမီလန်စပိန်လာလီဂါ က …

ဖာနန်ဒက်ရဲ့ အသင်းဖော်တွေပေါ် ဆက်ဆံပြုမူပုံကို ဒဲ့ဝေဖန်လိုက်တဲ့ လီဗာပူးဂန္တဝင်ဟောင်း

ဖာနန်ဒက်ရဲ့ အသင်းဖော်တွေပေါ် ဆက်ဆံပြုမူပုံကို ဒဲ့ဝေဖန်လိုက်တဲ့ လီဗာပူးဂန္တဝင်ဟောင်း ဘရူနိုဖာနန်ဒက်က ထူးချွန်တဲ့ ကစားသမားဖြစ်ပေမယ့် အသင်းဖော်တွေနဲ့ဆက်ဆံပုံကိုသဘောမကျလို့ လီဗာပူးဂန္တဝင်ဟောင်းဖြစ်တဲ့ ဂရေမီဆောင်းနက်က ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ မန်ချက်စတာယူနိက်တက်အသင်းမှာရော လက်ရှိကစားနေတဲ့ နိုင်ငံအသင်းဖြစ်တဲ့ ပေါ်တူဂီအသင်းမှာလည်း ထူးချွန်တဲ့ကစားသမားဆိုတာကို ဂရေမီဆောင်းနက်က ဝန်ခံပေမယ့် …

ယူနိက်တက်ရဲ့ဒုတိယအကြိမ်ကမ်းလှမ်းမှုလည်း ဒေါ့မွန်မကျေနပ်

ယူနိက်တက်ရဲ့ဒုတိယအကြိမ်ကမ်းလှမ်းမှုလည်း ဒေါ့မွန်မကျေနပ်၊ ကတ်သပ်နေဟု ထင်နေ ယူနိုက်တက်ဟာ ဒေါ့မွန်တောင်ပံတိုက်စစ်မှူး ဂျာဒန်ဆန်ချိုကို ပြောင်းရွေ့ကြေးတိုးမြင့်ပြီး ဒုတိယအကြိမ် ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ယူနိက်တက်အသင်းဟာ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရထားတာကလွဲရင်သေချာမှုဘာမှတော့မရှိသေးပါဘူး ယူနိုက်တက်ရဲ့ ပေါင် ၆၇ သန်း + …

ဆန်ချိုနဲ့တိုင်ပတ်နေတဲ့ မန်ယူကို ကျန်ရစ်ဖြစ်အောင် ထပ်လုပ်ဦးမယ့် မန်စီးတီး

ဆန်ချိုနဲ့တိုင်ပတ်နေတဲ့ မန်ယူကို ကျန်ရစ်ဖြစ်အောင် ထပ်လုပ်ဦးမယ့် မန်စီးတီး မန်ချက်စတာယူနိက်တက်အသင်းဟာ ဒေါ့မွန်အသင်းက တောင်ပံတိုက်စစ်ကစားသမား ဆန်ချိုကို ခေါ်ယူဖို့ လက်ရှိအထိ ညှိနှိုင်းနေတုန်းဖြစ်နေပြီး ဒုတိယအကြိမ်တော့ကမ်းလှမ်းမှုစတင်လိုက်ပါပြီ. တစ်ဖက်မှာလည်း ဒီနှစ်နွေမှာ အနာဂါတ်မသေချာတော့တဲ့ ကွင်းလယ်ကြယ်ပွင့်ပေါ့ဘာပြဿနာကရှိနေပါသေးတယ်။ ကွင်းလယ်ကြယ်ပွင့်ပေါ့ဘာအေးဂျင့် ရွိင်းအိုလာက ပြီးခဲ့တဲ့အပတ်က …

ရွိင်းအိုလာနဲ့PSGဥက္ကဌဆွေးနွေးပေါ့ဘာ အိုးထရက်ဖို့ကို တစ်ကယ်လမ်းခွဲတော့မည်.

ရွိင်းအိုလာနဲ့PSGဥက္ကဌဆွေးနွေးပေါ့ဘာ အိုးထရက်ဖို့ကို တစ်ကယ်လမ်းခွဲတော့မည်. တစ်ရာသီလုံးအသင်းကထွက်မယ်တကဲကဲလုပ်နေတဲ့ ပေါ့ဘာကိစ္စနဲ့ပက်သက်ပြီး ပြီးခဲ့တဲ့နေ့က ပေါ့လာအေးဂျင့်ရွင်းအိုလာဟာပီအက်စ်ဂျီအသင်း ဥက္ကဌနဲ့ဆွေးနွေးမှုတွေလုပ်ခဲ့တယ်လို့သိရပါတယ်။ ပေါ့ဘာဟာ ပြီးခဲ့တဲ့ရာသီကတည်းက ရီးလ်ရဲ ဘာစီလိုနာစတဲ့အသင်းတွေနဲ့ သတင်းတွေထွက်နေပြီး အပြောင်းအရွေ့အတွက် အမြဲနာမည်ထွက်နေခဲ့တာဖြစ်ပါတယ်။ ပေါ့ဘာဟာယူနိုက်တက်အသင်းမှာ ခြေစွမ်းပြနိုင်ပေမယ့် လက်ရှိနိုင်ငံအသင်းမှာပြနိုင်တာလောက်တော့ကောင်းမွန်ခဲ့ခြင်းမရှိပဲ ကောင်းတစ်လှည့်ဆိုးတစ်လှည့်ဖြစ်နေတယ်လို့ဆိုရမှာပါ။ ပြီးခဲ့တဲ့ …

ကမ္ဘာကျော်နည်းပြတစ်ဦးဖြစ်ခဲ့ပေမယ့် ဝင်ဘလေကွင်း VIP ကားရပ်နားဝင်းကနေ လှည့်ထွက်သွားခဲ့ရတဲ့ နည်းပြကြီးဖာဂူဆန်

ကမ္ဘာကျော်နည်းပြတစ်ဦးဖြစ်ခဲ့ပေမယ့် ဝင်ဘလေကွင်း VIP ကားရပ်နားဝင်းကနေ လှည့်ထွက်သွားခဲ့ရတဲ့ နည်းပြကြီးဖာဂူဆန် မန်ချက်စတာယူနိက်တက်အသင်းရဲ့ ဂန္တဝင်နည်းပြဟောင်းကြီးဖြစ်တဲ့ နည်းပြကြီးဖာဂူဆန်ဟာ မနေ့ညက ကန်တဲ့ စကော့တလန် အင်္ဂလန်ပွဲကိုလာရောက်ကြည့်ရှုခဲ့ချိန် ကားရပ်နားခွင့်မရခဲ့ဘူးလို့သိရပါတယ်။ မနေ့ညက အင်္ဂလန်အသင်းနဲ့ စတော့တလန်အသင်းတို့ ယှဉ်ပြိုင်ကြတဲ့ ယူရိုပွဲမှာ စတော့တလန်သားကြီး …