ယူနိုက်တတ်အသင်းကို တရုတ်ကလပ်ရှန်ဟိုင်းအသင်းကနေအငှားစာချုပ်နဲ့လာရောက်ကစားနေတဲ့ တိုက်စစ်မှူးအီဟာလိုက သူ့ရဲ့အငှားစာချုပ်သက်တမ်းကိုနောက်ထပ်၇လတိုးချဲ့ဖို့ဆုံးဖြတ်လိုက်တယ်မန်ချက်စတာညနေခင်းသတင်းမှာဖေါ်ပြထားပါတယ်။
မန်ချက်စတာယူနိုက်တက်သည် ၂၀၂၁ ခုနှစ်ဇန်နဝါရီလအထိ Odion Ighalo ကိုဆက်လက်ထိန်းသိမ်းထားရန်သဘောတူညီချက်အသစ်ကိုရရှိခဲ့တယ်လို့ဆိုပါတယ်။

နိုင်ဂျီးရီးယားတိုက်စစ်မှူးဟာမန်ချက်စတာယူနိုက်တက်အသင်းနှင့်မေလ ၃၁ ရက်မှာလမ်းခွဲရမှာဖြစ်ပြီး မိခင်အသင်းဖြစ်တဲ့တရုတ်ကလပ်ရှန်ဟိုင်းအသင်းကိုပြန်ရမှာပါ။ဒါပေမယ့် ကိုရိုနာဗိုင်းရပ်အကြပ်အတည်းကြောင့် တရုတ်နိုင်ငံမှာ ပြည်ပမှလာသူများကိုအောက်တိုဘာလအထိပြည်ဝင်ခွင့်မပေးတာကြောင့်အီဟာလိုကိုပြန်ခေါ်ဖို့ကျိုးစားနေတဲ့ တရုတ်အသင်းအနေနဲ့နောက်ဆုတ်ခဲ့ရပြီးကစားသမားရဲ့ဆန္ဒကိုဦးစားပေးခဲ့ရတာပါ။

တရုတ်စူပါလိဂ်ဟာဇူလိုင်လမှာပြန်လည်စတင်မှာဖြစ်ပေမယ့်အီဟာလိုကတော့ ၂၀၂၁ဇန်နဝါရီထိမန်ချက်စတာမှာဘဲရှိနေမယ်လို့သိရပါတယ်။သို့သော် Ighalo ၏အေးဂျင့် Atta Aneke ကယူနိုက်တက်သည်လာမည့်နှစ်အထိတိုက်စစ်မှူးကိုဆက်လက်ထိန်းသိမ်းရန် ရှန်ဟိုင်းအသင်းနှင့်သ‌ောတူညီချက်ပြုလုပ်နေသည်မှာအဆင်ပြေပြီဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။တရုတ်အသင်းကအိဟာလိုကိုပေါင်သန်း၂၀နဲ့အပြတ်ရောင်းချလိုပေမယ့် အသက်၃၁အရွယ်ကစားသမားကိုယူနိုက်တတ်အနေဖြင့်ခေါ်ယူဖို့စိတ်မဝင်စားဘူးလို့သိရပါတယ်။

Leave a Comment

Your email address will not be published.