မန်ချက်စတာယူနိုက်တတ်အသင်းမှဒဏ်ရာကြောင့်အနားယူနေရတဲ့ နောက်ခံကစားသမားတွေဖြစ်တဲ့ လုရှောနှင့်အဲရစ်ဘိုင်ယီတို့ဟာ ယနေ့ညယှဉ်ပြိုင်ကစားမယ့် လက်စတာအသင်းနဲ့ပွဲစဉ်မှာ ယူနိုက်တတ်အသင်းရဲ့လူစာရင်မှာ ပြန်လည်ပါဝင်လာဖွယ်ရှိတဉ်လို့နည်းပြဆိုးရှားပြောကြားခဲ့ပါတယ်။

 


လေ့ကျင့်ရေးကွင်းကိုရောက်ရှိ်လာကြသည့် လုရှောနှင့်ဘိုင်ယီနောက်ခံလူလုရှောဟာ ဆောက်သင်တန်အသင်းကိုသရေကျတဲ့ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရှိခဲ့တာဖြစ်ပြီး အဆိုပါဒဏ်ရာကြောင့်ယူနိုက်တတ်အသင်းရဲ့နောက်ဆုံးပွဲစဉ်၃ပွဲလွဲချော်ထားသူပါ။အသက်၂၅နှစ်အရွယ်အင်္ဂလန်နောက်ခံလူဟာ ယူနိုက်တတ်အသင်းနဲ့ကြာသူပတေးနေ့ကလေ့ကျင့်ခန်းပြန်လည်ပြုလုပ်နေပြီး အသင်းရဲ့အရေးကြီးဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ ယနေ့ညယှဉ်ပြိုင်မယ့်လက်စတာအသင်းနဲ့ပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ်ပြန်လည်ပါဝင်လာဖို့ရှိနေပါတယ်အဲရစ်ဘိုင်ယီကတော့ ချယ်ဆီးကိုရှုံးနိမ့်ခဲ့တဲ့ FAဖလားပွဲစဉ်မှ အသင်းဖော် မက်ဂွိုင်းယားနဲ့တိုက်မိခဲ့ပြီး လန်ဒန်ဆေးရုံမှဦ တညတတ်ရောက်ကုသမှုခံယူထားရပြီး ယူနိုက်တတ်အသင်းရဲ့နောက်ဆုံးပွဲစဉ်ကို လွဲချော်ခဲ့သူပါ။ယူနိုက်တတ်အသင်းဟာအခြားနောက်ခံလူနှစ်ဦးဖြစ်တဲ့ တွန်ဇီဘီနဲ့ ဖီးဂျုံးတို့ကတော့ ကြံ့ခိုင်မှုအခြေအနေကြောင့်အသင်းရဲ့နောက်ဆုံးပွဲစဉ်ကိုလွဲချော်မယ်လို့နည်းပြဆိုးရှားကအတည်ပြုပြောကြားခဲ့ပါတယ်။

Leave a Comment

Your email address will not be published.