မန်ချက်စတာယူနိုက်တတ်အသင်းရဲ့ ဂန္ဓဝင်နည်းပြကြီးဖာဂူဆန်ကလီပါပူးနည်းပြ ဂျာဂန်ကလော့ကိုLMAရဲ့တနှစ်တာအကောင်းဆုံးနည်းပြအဖြစ်ရွေးချယ်ခံရပြီးနောက် မနက်အစောပိုင်းမှာ ဖုန်းဆက်ဂုဏ်ပြုခဲ့ကြောင်းSky Sportသတင်းမှာဖေါ်ပြထားပါတယ်။

ဖာဂူဆန်ဟာ ကလော့ဆီကို တနင်္လာနေ့မနက်အစောပိုင်းက ဖုန်းဆက်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ခဲ့တာနဲ့ LMAရဲ့တနှစ်တာအကောင်းဆုံးနည်းပြဆုရရှိခဲ့တာတွေကြောင့် ဂုဏ်ပြူစာကားပြောကြားခဲ့တာပါ။

ဖာဂူဆန် က ကလော့ ရေမနက်အစောကြီးဖုန်းဆက်တဲ့အတွက် တောင်းပန်ပါတယ် ဒီနှစ်မင်းရဲ့နည်းပြအဖွဲ့နဲ့အသင်းရဲ့လုပ်ဆောင်ချက်တွေက အံ့ဩသင့်ဖွယ်ပါဘဲ။ လီပါပူးအသင်းကိုနှစ်၃၀အကြာဝေးကွာနေတဲ့ချန်ပီယံဆုကိုရရှိအောင်ဦးဆောင်ပေးနိုင်တာထူးခြားမှုပါ။အဲ့လိုဘဲပရီးမီးယားလိဂ်နဲ့၁၆နှစ်ကြာဝေးကွာနေတဲ့လိဒ်ယူနိုက်တတ်အသင်းလည်းပရီးမီးယားလိဂ်ကိုပြန်လာနိုင်ခဲ့ပါပြီအားလုံးကအရမ်းကို ထူးခြားတဲ့နှစ်ပါ။သိပ်ကိုထူးချွန်စွမ်းဆောင်ချက်တွေပါလို့ပြောကြားခဲ့ပါတယ်။

Leave a Comment

Your email address will not be published.