မန်ချက်စတာယူနိုက်တတ်အသင်းဟာ စီးရီးအေမှာ အငှားချထားတဲ့ကစားသမားနှစ်ဦးဖြစ်တဲ့ ဆန်းချက်နဲ့စမောလင်းတို့ကိုအလိုက်ပေးပြီး အင်တာမီလန်အသင်းရဲ့ စလိုဗက်ကီးယားနောက်ခံလူမီလန်စကယ်ရီနားကို ခေါ်ယူဖို့ကမ်းလှမ်းလိုက်ပါတယ်။စကယ်ရီးနားဟာ နည်းပြဆိုးရှား လိုချင်နေတဲ့ ဘယ်ခြေအားသန်ဗဟိုနောက်ခံလူအမျိုးအစားမဟုတ်ပေမယ့်အခုဘောလုံးရာသီမှာအတင်တာမီလန်အသင်းအတွက် ခြေစွမ်းပြသထားနိင်ခဲ့သူပါ။အသက်၂၅နှစ်အရွယ် အဆိုပါစလိုဗက်ကီးယားနောက်ခံလူဟာအင်တာမီလန်အတွက်၃၃ပွဲကစားခဲ့ပြီးနှစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

မီလန်စကယ်ရီနားကို ၂၀၁၇ခုနှစ်တုန်းကဆန့်ဒိုးရီးယားအသင်းကနေ အင်တာမီလန်အသင်းကယူရို၃၄သန်းနဲ့ဝယ်ယူခဲ့တာပါ။ဆန်းချက်ကို အပြီးသတ်ခေါ်ယူချင်နေတဲ့ အင်တာမီလန်ဟာ စကယ်ရီးနားကိုတော့ရောင်းချလိုခြင်းမရှိဘဲယူနိုက်တတ်ရဲ့ကမ်းလှမ်းမှုကိုငြင်းပယ်ဖို့ရှိနေတဲ့အတွက် ယူနိုက်တတ်ရဲ့ အခြားဗဟိုခံစစ်မှူးတစ်ဦးဖြစ်တဲ့ စမောလင်းကိုပါထည့်သွင်းကမ်းလှမ်းလိုက်ပြီးအင်တာရဲ့စိတ်ဝင်စားမှုကိုရယူလိုက်တာပါ။

ဆန်းချက်နဲ့စမောလင်းဟာယခုရာသီမှာ အငှားချခံထားရတဲ့စီးရီးအေအသင်းတွေမှာခြေစွမ်းအသီးသီးပြသနိုင်ခဲ့ကြပြီး စီးရီးအေကစားပုံနဲ့အံဝင်ကြောင်းပြသထားသူများဖြစ်နေလို့အင်တာမီလန်အနေနဲ့ စိတ်ဝင်စားလာနိုင်ပါတယ်။တကယ်လို့အ‌ေပြာင်းအရွေ့သာဖြစ်လာခဲ့ရင်ယူနိုက်တတ်ဟာ ကစားသမားနှစ်ဦးအပြင်ထပ်ဆောင်းငွေကြေးလည်းပေးရဖွယ်ရှိနေပါသေးတယ်။

Leave a Comment

Your email address will not be published.