မန်ယူဟာယူရိုပါလိဂ်အတွက် ကစားသမား၃၀ဦးစာရင်းကိုကြေညာလာပါတယ်။မန်ယူရဲ့ယူရိုပါလိဂ်လူစာရင်းမှာဒဏ်ရာကြောင့်အနားယူနေရတဲ့လုခ်ရှောနဲ့အဇယ်တွန်ဇီဘီတို့မှလွဲပြီးကျန်ကစားသမားအားလုံးပါဝင်ပါတယ်။မန်ယူဟာဗုဒ္ဓဟူးနေ့မှာဩစတြီးယားကလပ် LASKကိုရင်ဆိုင်ကစားရပါမယ်။အိုလေဂန်းနားဆိုးလ်ရှားဦးဆောင်တဲ့မန်ယူဟာပထမအကျော့တုန်းကဩစတြီးယားမှာ၅-၀ဖြင့်အနို်ငရရှိထားတာကြောင့်နောက်တစ်ဆင့်သို့တက်ရောက်ဖို့ရာနှုန်းပြည့်သေချာနေပါတယ်။၂၀၁၉-၂၀ယူရိုပါလိဂ်ပြိုင်ပွဲကိုဆုံးခန်းတိုင်အောင်ကစားသွားမှာဖြစ်ပြီးကွာတားဖိုင်နယ်မှ ဗိုလ်လုပွဲအထိပွဲစဉ်များအားဂျာမနီမှာရှုံးထွက်ပွဲစဉ်များအဖြစ်ကျင်းပသွားပါမယ်။

မန်ယူရဲ့ကစားသမား၃၀ဦးစာရင်းမှာဇွန်လလယ်ကတည်းကဒဏ်ရာကြောင့်အနားယူလာခဲ့ရတဲ့ဖီးလ်ဂျုံးစ်ပါဝင်လာသလိုလူငယ်ကစားသမားတွေလည်းပါဝင်လာပါတယ်။မန်ယူလူငယ်အသင်းခေါင်းဆောင်တီဒန်မန်ဂီလည်းပါဝင်ကာကျောနံပါတ်၇၁ကိုဝတ်ဆင်ပါမယ်။ဒါ့အပြင်ယခုရာသီမှာစီနီယာအသင်းအတွက်နှစ်ပွဲကစားထားပြီးဖြစ်တဲ့အီသန်လတ်လည်းပါဝင်သလိုယမန်နှစ်ကယူရိုပါလိဂ်ပွဲမှာပါဝင်ကစားခဲ့တဲ့မြောက်အိုင်ယာလန်လက်ရွေးစင်အီသန်ဘယ်ဘရတ်လည်းပါဝင်ပါတယ်။

မန်ယူရဲ့ယူရိုပါလိဂ်အတွက်ကစားသမား၃၀ဦးစာရင်းကတော့ဂိုး-ဒီဂီယာ၊ရိုမီရို၊လီး ဂရန့်၊နသန်ဘီရှော့။နောက်တန်း-အဲရစ်ဘိုင်လီ၊ဒိုင်အိုဂိုဒါလော်၊တမ်ဖိုဆူမန်ဆာ၊ ဖီးလ်ဂျုံးစ်၊အီသန်လတ်၊ဗစ်တာလင်ဒီလော့ဖ်၊ဟယ်ရီမက်ဂွိုင်းယား၊တီဒန်မန်ဂီ၊အေရွန်ဝန်ဘစ်ဆာကာ၊ဘရွန်ဒန်ဝီလီယမ်။အလယ်တန်း-ပီရီရာ၊ဖာနန်ဒက်စ်၊ဖရက်၊ဂယ်ဘရတ်၊ဂျိမ်းစ်ဂါနာ၊ လင်ဂတ်၊မာတာ၊မာတစ်၊မက်တိုမီနေး၊ပေါ့ဘာ။ရှေ့တန်း-တီဟတ်ချောင်၊ဂရင်းဝုဒ်၊အိုင်ဂါ လို၊မာရှယ်၊ရပ်ရှ်ဖို့ဒ်တို့ဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.