မန်ချက်စတာယူနိုက်တတ်အသင်းဟာ အသင်းရဲ့နောက်ခံလူ အဲရစ်ဘိုင်လီကိုလွန်ခဲ့တဲ့၃နှစ်က ဗီလာရီးရဲယ်အသင်းက ဝယ်ယူခဲ့တဲ့ပေါင်သန်း၃၀ပြန်လည်ရရှိပါကရောင်းမယ်လို့ ဈေးကွက်မှာ သတင်းလွှင့်လိုက်ပါပြီ။ယူနိုက်တတ်အသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက နောက်တန်းမှာပေးဂိုးနည်းခဲ့ပေမယ့် လာမယ့်ဘောလုံးရာသီမှာ ခံစစ်ကြောင်းကိုအပြောင်းအလဲ ပြုလုပ်ဖို့စီစဉ်နေပါတယ်။

ဘိုင်လီကို နည်းပြဟောင်းမော်ရင်ဟိုက ဗီလာရီးရဲအသင်းကနေပေါင်သန်း၃၀နှင့်ဝယ်ယူခဲ့တာဖြစ်ပြီးရောက်ကာစနှစ်မှာခြေစွမ်းပြနိုင်ပေမယ့်နောက်ပိုင်းဒဏ်ရာပြသနာတွေများပြားလာပြီးအသင်းရဲ့လူစာရင်းနဲ့ဝေးကွာလာခဲ့ကာယခုဘောလုံးရာသီမှာ ၁၀ပွဲခန့်သာ ပွဲထွက်ကစားနိုင်ခဲ့ပြီး ကစားသမားကိုယ်တိုင်လည်းယုံကြည်ချက်ပျောက်ဆုံးနေပုံမျိုးဖြစ်နေပါတယ်။

ယူနိုက်တတ်အသင်းကလည်းယခုဘောလုံးရာသီမှာ ဗဟိုခံစစ်မှူးအများအပြားရောင်းထုတ်ရန်ရှိနေပြီး စမောလင်း၊ဖီးလ်ဂျုံး၊ရိုဂျို၊ဘိုင်လီစတဲ့ကစားသမားလေးယောက်ထိရောင်းချဖို့ လုပ်နေပါတယ်။ဒါပေမယ့် စမောလင်းကလွဲပြီးကျန်ကစားသမားတွေကို ကမ်းလှမ်းမှု မရှိသေးဘဲ စမောလင်းတစ်ယောက်ကိုသာရိုးမားအသင်းကဝယ်ယူဖို့ညှိနှိုင်းနေပါတယ်။ဘိုင်လီကိုယူနိုက်တတ်အသင်းကလွန်ခဲ့တဲ့ဇန်နဝါရီကမှ စာချုပ်သက်တမ်းတိုးထားပြီး ယူနိုက်တတ်အသင်းနဲ့၂၀၂၃ထိစာချုပ်ရှိနေပါတယ်။

Leave a Comment

Your email address will not be published.