မန်ယူအသင်းက မိုနာကိုအသင်းမှ လူငယ်ဗဟိုနောက်ခံကစားသမား ဘိုရှီရယ်ကို ပထမအကြိမ်ကမ်းလှမ်းစဉ်က ပယ်ချခံရပေမယ့် ကစားသမားကိုယ်တိုင်ကအသင်းကထွက်ခွာချင်တဲ့ပုံစံတွေကိုပြသလာတာကြောင့် ဒုတိယအကြိမ်ကမ်းလှမ်းမှုမှာ အဆင်ပြေဖို့များနေပါပြီ။ယူနိုက်တတ်အသင်းဟာ ဘိုရှိရယ်အတွက် ဂျာမန်ကလပ်လေပါကူဆင်အသင်းနဲ့ယှဉ်ပြိုင်နေရပြီးယူနိုက်တတ်အသင်းပထမအကြိမ်ကမ်းလှမ်းတဲ့ပြောင်းရွေ့ကြေးယူ၇◌ို၂၅သန်းကို မိုနာကိုအသင်းက ပါယ်ချပြီးနောက်ပိုင်းမှာတော့လေပါကူဆင်အသင်းက ကမ်းလှမ်းမှုမရှိသေးပါဘူး။

အပြောင်းအရွေ့ရာသီစတဲ့က ဆန်ချိုတစ်ဦးထဲနောက်ကိုသာ သည်းသည်းမဲမဲလိုက်နေတဲ့ ယူနိုက်တတ်အသင်းဟာ လာမယ့်ဘောလုံးရာသီ မှာလေပါပူလ်းအသင်းနဲ့မန်ချက်စတာစီးတီးအသင်းတို့ကိုအမှီလိုက်ဖို့ ကစားသမားဖြည့်တင်းဖို့လိုနေတာအမှန်ပါ။ဒါ့အပြင် အသင်းကနောက်ခံလူတစ်ဦးဖြစ်တဲ့ ဘိုင်ယီက အသင်းကထွက်ခွာဖို့ပြင်နေပြီးအခြားနောက်ခံလူတစ်ဦးဖြစ်တဲ့ လင်ဒီလော့ရဲ့ခြေစွမ်းကိုလည်းနည်းပြဖြစ်သူက အပြည့်အဝယုံကြည်ခြင်းမရှိပါဘူး။ဒါကြောင့် မိုနာကို က ပြင်သစ်လူငယ်နောက်ခံကစားသမား‌ေးကိုဒုတိယအကြိမ်ကမ်းလှမ်းဖို့ပြင်ဆင်နေပြီး အသင်းအတွက်အခုအပြောင်းအရွေ့ရာသီမှာ ပထမဆုံးခေါ်ယူမှုဖြစ်လာဖို့ရှိနေပါတယ်။

အရပ်၆ပေလေးလက်မရှိတဲ့ အသက်၁၉နှစ်အရွယ်ကစားသမားလေးဟာ ဆိုးရှားလိုချင်နေတဲ့ ဘယ်ခြေအားသန်ဗဟိုခံစစ်မှူးဖြစ်ပြီး အရပ်အမောင်းနဲ့မလိုက်အောင်လျှင်မြန်လှသူပါ။မိုနာကိုလူငယ်အသင်းကထွက်ပေါ်လာတဲ့လူငယ်ကစားသမားလေးဖြစ်ပြီးမိုနာကို အသင်းကြီးမှာ ပွဲထွက် တစ်ပွဲသာကစားရသေးတာပါ။ဒါပေမယ့် တပွဲဆိုသလိုခြေစွမ်းကြောင့်ဘဲ အခုလိုအင်္ဂလိပ်အသင်းကြီးရဲ့စိတ်ဝင်စားမှူကိုခံနေရတာဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.