မန်ယူအသင်းဟာဟော်လန်ကလပ်အေဂျက်အသင်းရဲ့အဓိကကွင်းလယ်ကစားသမားဗန်ဒါဘိကိုခေါ်ယူနိုင်ဖို့အလွန်နီးကပ်တဲ့အနေထားကိုရောက်ရှိလာပြီဖြစ်ကြောင်းဗြိတိသျှနာမည်ကြီးသတင်းစာMirrorကဖော်ပြလိုက်ပါတယ်။ဗန်ဒါဘိကိုခေါ်ယူနိုင်ရေးမန်ယူနည်းပြဆိုးရှားကိုယ်တိုင်ဝင်ရောင်ဆွေးနွေးနေတယ်လို့သိရပါတယ်။ဗန်ဒါဘိရဲ့အပြောင်းအရွေ့သတင်းနဲ့ပါတ်သတ်ပြီ အေဂျက်နည်းပ့ Erik tenကိုယ်တိုင်က လာမယ့် နှစ်ပါတ်အတွင်း ဗန်ဒါဘိဟာ ဘာစီလိုနာသို့မဟုတ်မန်ချက်စတာယူနိုက်တတ်ကိုရောက်ရှိနိုင်တယ်လို့ပြောကြားခဲ့ပြီးယမန်နေ့ကခြေစမ်းကစားခဲ့တဲ့အေဂျက်အသင်းနဲ့ဖရန့်ဖက်အသင်းတို့ရဲ့ပွဲစဉ်မှာဗန်ဒါဘိကိုအသင်းလူစားရင်းကနေချန်လှပ်ထားခဲ့ပါတယ်။

ဗန်ဒါဘိကိုရီးရဲအသင်းကအခုအပြောင်းအရွေ့မှာခေါ်ယူဖို့သတောတူညီမှုရရှိထားရမှကိုရိုနာဗိုင်းရပ်ပြသနာများကြောင့်နောက်ဆုတ်ခဲ့တာဖြစ်ပြီးအေဂျက်အသင်းကတော့ကစားသမားအတွက်ပြောင်းရွေ့ကြေးပေါင်၄၉သန်းလောက်လိုချင်တယ်လို့ဆိုပါတယ်။လောလောဆယ်ဘဏ္ဏာရေးပြသနာရှိနေတဲ့ဘာစီအတွက်အဆိုပါပြောင်းရွေ့ကြေးကပြသနာဖြစ်နေပြီးကစားသမားကိုယ်တိုင်ကလည်းကတိပျက်ခဲ့တဲ့စပိန်ထက်ပရီးမီးယားလိဂ်သို့သာ လာချင်နေကြောင်းသိရပါတယ်။

အသက်၂၃နှစ်အရွယ်ဗန်ဒါဘိဟာတိုက်စစ်အားသန်ကွင်းလယ်ကစားသမားဖြစ်ပေမယ့်လိုအပ်ရင်ကွင်းလယ်မှာနေရာစုံကစားနိုင်ပါတယ်၊အေဂျက်အသင်းချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တတ်နိုင်ခဲ့တဲ့၂၀၁၈-၁၉ဘောလုံးရာဿီအေဂျက်အသင်းရဲ့အဓိကကစားသမားဖြစ်သလိုစုစုပေါင်း၂၅၂ပွဲကစား၆၆ဂိုးသွင်းယူကာ၅၅ဂိုးဖန်တီးပေးထားသူပါ။ဗန်ဒါဘိသာမန်ယူအသင်းကိုရောက်ရှိလာပါက လင်ဂတ်နဲ့ပါရဲယားတို့ရဲ့ရှေ့ရေးဟာ အလွန်မှုန်ဝါးလာသလို ဝါရင့်ကစားသမား မာတာလည်းအသင်းကထွက်ခွာနိုင်ပါတယ်။

Leave a Comment

Your email address will not be published.