အာဆင်နယ်အသင်းရဲ့နည်းပြအာတီတာကအသင်းရဲ့အခုဘောလုံးရာသီအပြောင်းအရွေ့ပစ်မှတ်များကိုအောင်မြင်မည်ဟုယုံကြည်ကြောင်းထုတ်ဖော်ပြောကြားလိုက်ပါတယ်။အာတေတာက အာဆင်နယ်အသင်းကို ပြုပြင်မှုများပြုလုပ်လိုနေပြီး ကစားသမားသစ်အမြောက်အများအသင်းကိုရောက်ရှိလာမယ်လို့ယုံကြည်နေပါတယ်။

လောလောဆယ်အာဆင်နယ်ရဲ့အထင်ရှားဆုံးပစ်မှတ်တခုမှာလိုင်လီနောက်ခံလူဂါဘရီရယ်ဖြစ်ပြီး အဆိုပါကစားသမားကိုအာဆင်နယ်အသင်းကခေါ်ယူနိုင်ခဲ့ပြီဟု သတင်းများထွက်ပေါ်နေပြီး ပြင်သစ်မှ လာရောက်သည့် ကစားသမားဖြစ်တာကြောင့် အပြောင်းအရွေ့ဖြစ်မြောက်ပြီးနောက်ပိုင်းမှာတောင် ကစားသမားဟာ လန်ဒန်မှာ ကွာရန်တင်း၁၄ရက်ဝင်ရမယ်လို့သိရပါတယ်။

အာတီတာရဲ့အခြားပစ်မှတ်တခုဖြစ်တဲ့အက်တလန်တီကိုမက်ဒရစ်အသင်းကွင်းလယ်ကစားသမားသောက်မက်ပါတေးကိုခေါ်ယူရန်အက်တလန်တီကိုအသင်းတဲ့ဈေးနှုန်း ကိုညှိုနှိုင်းမှုတွေအဆင်မပြေဖြစ်နေပြီး ပါတေးအစား ရိုးမားကွင်းလယ်ကစားသမား ဒီယာဝါယာကို အစားထိုးခေါ်ယူဖို့စီစဉိနေပေမယ့် အာတေးတားက အဆိုပါ ကစားသမားကို နှစ်သက်ခြင်းမရှိဘူးလို့သိရပါတယ်။ဒါကြောင့် ပါတေးအတွက် အာဆင်နယ်အသင်းက ကစားသမားအလဲအထပ်လုပ်ဖို့စီစဉ်နေပြီး တီကိုအသင်းကစိတ်ဝင်စားနေတြံ တိုက်စစ်မှူး လာကာဇက်နဲ့ အလဲအထပ်လုပ်ဖို့စီစဉ်နေပါတယ်။

အာဆင်နယ်ရဲ့နောက်ထပ်ပစ်မှတ်ရီးရဲကွင်းလယ်ကစားသမား ဆီဘာယော့ ကလည်း မနေ့ညက ကွန်မြူနတီဖလားအောင်ပွဲခံပုံရိပ်တွေကို သူ့ရဲ့အင်စတာဂရမ်မှာဖော်ပြပြီး အာဆင်နယ် အသင်းနဲ့အနေမဝေးဘူးဆိုတာ အသိပေးလိုက်ပါတယ်။

Leave a Comment

Your email address will not be published.