အက်တလန်တီကိုမက်ဒရစ်အသင်းတိုက်စစ်မှူးဒီရေဂိုကော်စတာကိုခေါ်ယူချင်တဲ့အသင်းမရှိဘူးဖြစ်နေတယ်လို့သိရပါတယ်။အက်တလန်တီကိုဟာ ကော်စတာကိုရောင်းချရန်အင်္ဂလန်၊အီတလီ၊ပြင်သစ်၊တူရကီမှကလပ်အသင်းအများအပြားကိုကမ်းလှမ်းခဲ့ပြီးဝယ်ယူမယ့်အသင်းမရှိဘူးလို့Gold.comအသင်းမှာဖော်ပြထားပါတယ်။

ကော်စတာဟာ အသင်၃၁နှစ်အရွယ်သာရှိသေးပြီး အေတီကို၊ချဲယ်ဆီးတို့နဲ့ ပြည်တွင်းအမှတ်ပေးဆုဖလားများရရှိခဲ့သူပါ။သတင်းတရပ်အရ ကော်စတာကို ချဲယ်ဆီးအသင်းမှာ လက်တွဲညီခဲ့တဲ့ နည်းပြမော်ရင်ဟို ကခေါ်ယူရန်စုံစမ်းလာပြီးစပါးအသင်းမှာ တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ အရန်ကစားသမားအဖြစ်အသုံချရန်ရှိနေပါတယ်။

ကော်စတာဟာစုစုပေါင်းပွဲ၄၆၇ပွဲကစားထားပြီး၁၇၉ဂိုးသွင်းယူထားကာ၇၁ဂိုးဖန်တီးပေးထားတဲ့ထိပ်တန်းတိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။ဘရာဇီးနွယ်ဖွားစပိန်လက်ရွေးစင်တိုက်စစ်မှူးဟာ လက်ရွေးစင်အသင်းနဲ့တော့ ဝေးကွာနေပြီး ဘောလုံးကွင်းအတွင်းက သူ့ရဲ့ မာကြောတဲ့ကစားပုံတွေကို ပြိုင်ဘက်တွေက ထိတ်လန့်ကြပါတယ်။အဆိုပါကစားပုံကြောင့်ဘဲအနီကက်၊အဝါကက်တွေမကြာခဏရရှိနေပြီး ပွဲပယ်ပြစ်ဒဏ်မကြာခဏရှိနေတာကြောင့် သူ့ကိုခေါ်ယူဖို့လက်တွန့်နေတာပါ။ကော်စတာဟာ လက်ရှိဈေးကွက်ပေါက်ဈေးပေါင်ဆယ်သန်းခန့်တန်ဖိုးရှိတယ်လို့ဖော်ပြထားပါတယ်။

Leave a Comment

Your email address will not be published.