မန်ချက်စတာယူနိုက်တက်အသင်းဟာ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အနည်းဆုံးကစားသမား ၃ဦးအထိ ထပ်မံခေါ်ယူချင်နေပါတယ်။ သူတို့ရဲ့ နံပါတစ်ပစ်မှတ်အဖြစ် ဂျေဒန်ဆန်ချိုကို သတ်မှတ်ထားပြီး နောက်ခံလူတစ်ဦး၊ တိုက်စစ်ကစားသမားတစ်ဦးကို ဆိုးလ်ရှားက ထပ်မံအလိုရှိနေတယ်လို့ သိရပါတယ်။

 

 

ဒါပေမယ့်လည်း ယူနိုက်တက်အနေနဲ့ ဆန်ချိုကိုခေါ်ယူဖို့ အခက်အခဲတွေရှိနေပြီး ကစားသမားအတွက် ဒေါ့မွန်ရဲ့ တောင်းဆိုမှုကများပြားနေမှု၊ အသင်းဘက်က ငွေကြေးထုတ်ပေးဖို့ အတိုင်းအတာကန့်သတ်ထားမှုတွေရှိနေပြီး ကစားသမားတချို့ကို ရောင်းထုတ်သွားရဖို့လည်း ရှိနေကာ အရည်အသွေးမြင့်မားပြီး စျေးနှုန်းချိုချိုသာသာနဲ့ရရှိမယ့် ကစားသမားမျိုးတွေကိုလည်း ရှာဖွေနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

 

 

နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းများအရ ယူနိုက်တက်ဟာ ရီးရဲလ်တောင်ပံကစားသမား ဂါရတ်ဘေးလ်ကို စိတ်ဝင်စားနေတယ်လို့သိရပြီး ဘေးလ်ရဲ့အသင်းဟောင်း စပါးနဲ့အပြိုင် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ဘေးလ်ကိုခေါ်ယူမယ်ဆိုပါက ပြောင်းရွှေ့ကြေးသက်သာပြီး ပရီးမီးယားလိဂ်ကစားဟန်မှာ အသားကျပြီးသားဖြစ်တာမို့ ဆန်ချိုအစား ပြောင်းလဲခေါ်ယူဖို့ အသင့်တော်ဆုံးကစားသမားအဖြစ်လို့ သတ်မှတ်လို့ရမှာဖြစ်ပါတယ်။

ဘေးလ်အတွက် ရီးရဲလ်က ပေါင်သန်း ၂ဝခန့်အလိုရှိနေပြီး စပိန်ကလပ်ဟာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို အဲဗာတန်အသင်းဆီ ပေါင် ၂၂သန်းနဲ့ ရောင်းထုတ်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘေးလ်ရဲ့လုပ်ခလစာမြင့်မားမှုကတော့ အခက်တွေ့ဖွယ်ရာရှိနေပြီး ကစားသမားကတော့ ပရီးမီးယားလိဂ်ကို ပြန်လည်လာရောက်ကစားမယ်ဆိုပါက လစာလျှော့ယူသွားဖို့ ဆုံးဖြတ်ထားကြောင်းလည်း သိရပါတယ်။

Leave a Comment

Your email address will not be published.