မန်ယူနိုက်တက်ဟာ လူငယ်ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်တဲ့ အလယ်ဂျန်ဒရို ဂါနာချိုကို အက်သလက်တီကို မက်ဒရစ်မှ ရီးယဲလ်နဲ့ ဒေါ့မွန် တို့လိုအသင်းတွေကို ကျော်လွန်ကာ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ ၁၆ နှစ်အရွယ်ကစားသမားဟာ တိုက်စစ်မှူးဖြစ်ပြီး မန်ယူနိုက်တက်နဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုလိုက်တာပါ။မန်ယူနိုက်တက်ဟာ ဂါနာချိုလေးစားအားကျရတဲ့ ခရစ်တီယာနို ရိုနယ်ဒိုတို့လို ကစားသမားတွေကိုမွေးထုတ်ပေးတဲ့နေရာလည်းဖြစ်လို့ သူ့အိုင်ဒေါရဲ့ ခြေယာကို နင်းနိုင်ဖို့ မျှော်လင့်နေတာပါ။စပိန်သတင်းဌာန မာကာရဲ့တင်ဆက်မှုများအရတော့ အေတီကိုအနေနဲ့ အလားအလာကောင်းတွေရှိတဲ့ကစားသမားကို ဆက်လက်ပျိုးထောင်ချင်ပြီး အသင်းမှ လွယ်လွယ်ကူကူ ထွက်ခွာခွင့်မပေးထားတာပါ။ထိုလူငယ်ကစားသမားလေး အဂ်လန်ကိုပြောင်းရွှေ့ရတဲ့အတွက်လည်း တန်ရာတန်ကြေးပြန်လည်ရရှိမှာဖြစ်ပါတယ်။

အသက် ၁၆ ပဲရှိသေးပေမယ့်ကစားသမားဟာ အက်သလက်တီကို ယူ-၁၉ မှာကစားပြီး သူ့အသက်နဲ့မလိုက်အောင် စွမ်းဆောင်နိုင်ကြောင်းကို ပြသထားပေမယ့် အကယ်ဒမီ မန်နေဂျာ နစ်ကီ ဘတ် နဲ့ စတင်အလုပ်လုပ်သွားမှာဖြစ်ပါတယ်။ အေတီကိုနဲ့ ရီးယဲလ်တို့ကြားကအပြိုင်အဆိုင်ဆက်ဆံရေးတွေကြောင့်ပဲ လူငယ်ကစားသမားကို အေတီကိုတို့အနေနဲ့ မန်ယူနိုက်တက်ကို မျက်နှာသာပေးလိုက်ခြင်းဖြစ်နိုင်ပါတယ်။မန်ယူအနေနဲံ့လည်း စပိန်မှ လူငယ်ကစားတွေကို ခေါ်ယူဖို့ အားထုတ်မှုတွေလည်းပြုလုပ်နေတာပါ။ ဂါနာချိုဟာ ယခုနွေရာသီမှာ ယူနိုက်တက်ကို ရောက်ရှိလာတဲ့ တတိယမြောက်ကစားသမား လည်းဖြစ်ပါတယ်။ ဘာစီလိုနာမှ မာ့က် ဂျူရာဒို နဲ့ ရီးယဲလ်မှ အယ်ဗာရို ကာရဲရက်စ် တို့အပြီးရောက်ရှိလာတာပဲဖြစ်ပါတယ်။မနှစ်ကလည်း မက်တီယို မဲဂျီယာလည်း ရီးယဲလ် ဇာရာဂိုဇာမှရောက်ရှိလာခဲ့ပြီး မန်ယူနိုက်တက် အကယ်ဒမီမှာ စပိန်ကစားသမားတွေများပြားလာတာပါ။ ဂျူရာဒိုလို အလားအလာရှိတဲ့ ဆယ်ကျော်သက်ကစားသမားတွေ နောက်ပိုင်းနှစ်တွေမှာ အိုးလ်ထရက်ဖို့မြက်ကွင်းပြင်တွေမှာ တွေ့ရတော့မှာလားဆိုတာ ကတော့ စောင့်ကြည့်ကြရမှာပါ။

Leave a Comment

Your email address will not be published.