ရီးရဲယ်မက်ဒရစ်အသင်းမှဝေလ်းတောင်ပံကစားသမားဂါရက်ဘေးလ်ကိုရောင်းချဖို့ ဥရောပ၇ှိထိပ်တန်းအသင်းအများအပြားကိုကမ်းလှမ်းလျှက်ရှိပြီးဝယ်ယူဖို့စိတ်ဝင်စားကမ်းလှမ်းသည့်အသင်းမရှိဖြစ်နေကြောင်းသိရသည်။ရီးရဲယ်အသင်းဟာ ဘေးလ်အတွက်ကုန်ကျစရိတ်ကိုလျော့ချဖို့လုပ်ဆောင်နေတာဖြစ်ပြီးနည်းပြဇီဒိန်းရော အသင်းပရိတ်သတ်တွေနဲ့ပါအဆင်မပြေတဲ့ဘေလ်းကိုအခုအပြောင်းအရွေ့မှာအပြီးသတ်ရောင်းချချင်နေတာပါ။

ရီးရဲယ်အသင်းဟာဘေးလ်းအတွက်လစာတပါတ်ကိုပေါင်၆သိန်းခန့်အသုံးပြုနေရကြောင်းသိရပါတယ်။အဆိုပါတပါတ်ပေါင်၆သိန်းခန့်အသုံးစရိတ်ကိုလျှော့ချရန်ကမ်းလှမ်းမည့်အသင်းမရှိဖြစ်နေတဲ့ဘေးလ်းကို ရီးရဲယ်အသင်းက ဝယ်ယူမယ့်အသင်းကိုဘေးလ်ရဲ့လစာတဝက်ကိုရီးရဲယ်အသင်းကစိုထုတ်ပေးမယ့်အပြင် ပြောင်းရွှေ့ကြေးကိုလည်းသင့်လျော်တဲ့နှုန်းထားအထိ လျော့ချသတ်မှတ်ပေးမယ်လို ကမ်းလှးမ်းနေပြီးဝယ်ယူမည့်အသင်းအနေနဲ့ ဘေးလ်ရဲ့လစာကြီးမြင့်မှုကို ပြသနာကိုစိတ်ပူစရာမရှိအောင်ဆောင်၇ွက်လိုက်တာဖြစ်ပါတယ်။

သို့တိုင်အောင်ဘေးလ်က အသင်းသစ်ကိုငြင်းပယ်ကာရီးရဲယ်အသင်းမှာဘဲဆက်နေရန်ဆုံးဖြတ်နိုင်သည့် အနေအထားတွင်ရှိနေပြီးအသင်းကြီးတသင်းမှ ကမ်းလှမ်းမှသာ လက်ခံမည့်အနေထားရှိနေကြောင်းသိ၇ပါတယ်။အသက်၃၁နှစ်အရွယ်ဝေလ်းလက်ရွေးစင်ညာတောင်ပံကစားသမားဟာ အခုချိန်ထိထိပ်တန်းအဆင့်ခြေစွမ်းကိုပိုင်ဆိုင်ထားဆဲဆိုတာ လက်ရွေးစင်အသင်းနဲ့Nation Leagueပြိုင်ပွဲတွေမှာ သက်သေပြထားပါတယ်။ဘေလ်းကို ဆရာဟောင်းမော်ရင်ဟိုနည်းပြလုပ်နေတဲ့ အသင်းဟောင်းစပါးအသင်းကလည်းခေါ်ယူဖို့စိတ်ဝင်စားသလို ညာတောင်ပံကစားသမားအထူးလိုအပ်နေတဲ့မန်ယူအသင်းကလည်းဆန်ချိုကိုမခေါ်ယူနိုင်ခဲ့ပါက ခေါ်ယူဖို့စောင့်ကြည့်နေပါတယ်။တကယ်လို့ခေါ်ယူမယ့်အသင်းကဘေးလ်ရဲလစာကို ပေါင်၃သိန်း၄သိန်းထိပေးချေရလျှင်ပင်ရီး၇◌ဲယ်အသင်းထံမှ ထိုလစာငွေရဲ့တဝက်ကို ရရှိနေမှာဖြစ်ကြောင်းသိရပါတယ်။

Leave a Comment

Your email address will not be published.