အာဆင်နယ်အသင်းဟာ ဒီနေ့ညနေမှာ၂၀၂၀-၂၁ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲအဖြစ်အဝေးကွင်းမှာတန်းတတ်ဖူဟမ်အသင်းနဲ့သွားရောက်ယှဉ်ပြိုင်ရာမှာဂိုးပြတ်အနိုင်ရရခဲ့ပါတယ်။၀-၃ဆိုတဲ့ရလာဒ်နဲ့အနိုင်ရရှိခဲ့ပြီးအရင်နှစ်ကရရှိခဲ့တဲ့ အဝေးကွင်းအိပ်မက်ဆိုးကိုစောစောစီးစီးရုန်းထွက်ပြခဲ့ပါပြီ။အဆိုပါပွဲစဉ်မှာ အသင်းကအသစ်ဝယ်ယူထားတဲ့ကစားသမားတွေဖြစ်တဲ့ ဝီလီယံ၊ဂါဘရီရယ်စတဲ့ကစားသမားနှစ်ဦးပါဝင်ကစားခဲ့ပြီးပရိတ်သတ်တွေမျှော်လင့်နေကြတဲ့ပြင်သစ်လူငယ်ကြယ်ပွင့်ဆာလီဘာကတော့ အသင်းရဲ့အရန်စာရင်းမှာတောင်ပါဝင်လာခြင်းမ၇ှိပါဘူး။အာဆင်နယ်အသင်းဟာ ဖူဟမ်းအသင်းကိုဂိုးပြတ်အနိုင်ရရာမှာ ကစားသမားသစ်နှစ်ဖြစ်တဲ့ ဝီလီယံနဲ့ ဂါဘရီရယ်တို့ရဲ့စွမ်းဆောင်ရည်ဟာအတော်ကောင်းမွန်ခဲ့ပြီး ဝီလီယံကနှစ်ဂိုးဖန်တီးပေးခဲ့ကာဂါဘရီရဲယ်ကတော့ပေးဂိုးမဲ့ပွဲဖြစ်အောင်စွမ်းဆောင်ပြခဲ့ပြီးအနိုင်ဂိုးတစ်ဦးပါသွင်းယူပြခဲ့ပါသေးတယ်.နည်းပြအာတေးတားက အသင်းပရိတ်သတ်တွအထူးမျှော်လင့်နေတဲ့ ဆာလီဘာ ဘာကြောင့်လူစားရင်းမှာ မပါဝင်နိုင်ဘူးဆိုတာအခုလိုရှင်းပြခဲ့ပါတယ်

အာတေးတာက ဆာလီဘာအသင်းရဲ့ပထမ၁၁စာရင်းဝင်ဖို့အနည်းငယ်အချိန်ယူရလိမ့်မယ်လို့ပြောခဲ့ပါတယ်။သူကဆက်လက်ပြီးဆာလီဘာ ဒိတိုင်းပြည်၊ဒီကဘာသာစကားကျွန်တော်တို့အသင်းရဲ့ကစားပုံတွေနဲ့အံဝင်ခွင်ကျဖြစ်အောင်အချိန်ယူရပါလိမ့်မယ်။အသင်းရဲ့ရစ်သမ်
ပရီးမီးယားလိဂ်ရဲ့ ရုပ်ပိုင်းဆိုင်ရာယှဉ်ပြိုင်မှုတွေကို အသားကျဖို့ အချိန်ပေးရမယ်။ဆာလီဘာကိုစိတ်ရှည်ပါသူနဲ့သင်းတော်တဲ့ပါတ်ဝန်းကျင်တွေပွဲစဉ်တွေနဲ့သူအသားကျဖို့ကြိုးစားပေးနေပါတယ်။ဘာကြောင့်လဲဆိုတော့ဆာလီဘာက သိပ်ကောင်းတဲ့ကစားသမားမို့လိုပါ။ကျွန်တော်တို့အသင်းမှာဗဟိုနောက်ခံလူတွေသိပ်များနေလို့လှောင်ပြောင်မှုတွေတောင်ရှိပါတယ်။ဒါပေမယ့်ဒဏ်ရာပြသနာတွေရှိလာနိုင်ပါသေးတယ်။နောက်လာမယ့်သတင်းပါတ်အနည်းငယ်အတွင်းမှာ အာဆင်နယ်ရဲ့အကောင်းဆုံးအနေအထားကိုတွေ့ရမှာပါလို့ပြောခဲ့ပါတယ်။

Leave a Comment

Your email address will not be published.