အာဆင်နယ်အသင်းဟာ ဖူဟမ်းအသင်းကိုအဝေးကွင်းမှာ ၃ဂိုးပြတ်အနိုင်ရပြီးနောက်ပွဲပြီးမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာအာဆင်နယ်နည်းပြအာတေးတားက အဆိုပါပွဲစဉ်မှာအသင်းအတွက်ခြေစွမ်းပြခဲ့တဲ့ကြယ်ပွင့်ကစားသမားဟာ အင်္ဂလန်နောက်ခံလူဟိုးဒင်းဖြစ်ကြောင်းမီဒီယာတွေကိုပြောကြားလိုက်ပါတယ်။တဆက်တည်းမှာဘဲနယူကာဆယ်ကိုအငှားနဲ့သွားရောက်ကစားဖို့စီစဉ်နေတာကိုလည်းဖျက်သိမ်းဖို့ပြောကြားလိုက်ပြီးအင်္ဂလန်နောက်ခံလူရဲ့အနာဂတ်ဟာ အာဆင်နယ်မှာဘဲဖြစ်ကြောင်းရှင်းရှင်းလင်းပြောကြားလိုက်ပါတယ်။အာတေးတာက ရော့စ်ရေမင်းရဲ့စိတ်ကူးကိုပြောင်းလိုက်ပါဒိနေ့ပွဲမှာမင်းအကောင်းဆုံးကစားခဲ့ပြီးပေးဂိုးမဲ့နိုင်ပွဲကိုငါတို့ရခဲ့ပါပြီမင်းကငါတို့အသင်းကအလိုရှိတဲ့တန်ဖိုးအတိုင်းကိုယ်စားပြုနေတာပါ၊အသင်းမှာလူပိုတယောက်မဟုတ်ပါဘူး၊မင်းအတွက်ခက်ခဲတဲ့အချိန်တွေရှိခဲ့တာသိပါတယ်။ဒီကလပ်အတွက်ဘောလုံးကစားဖို့ဆိုတဲ့မင်းရဲ့အိပ်မက်ကို မစွန့်လွှတ်ပါနဲ့မင်းကိုအသင်းကထွက်ခွာခဲ့မပေးဘူးဆိုတာရှင်းရှင်းလင်းလင်းပြောပရစေမင်းရဲ့အနာဂတ်ကဒိမှာပါလို့ပြောကြားပြီးကစားသမားကိုအသင်းမှာသာဆက်နေဖို့ပြောကြားခဲ့ပါတယ်။

ဟိုးဒင်းဟာ အာဆင်နယ်အသင်းမှာ ကာလရှည်ဒဏ်ရာများကြောင့် ခြေစွမ်းပျောက်ဆုံးခဲ့ရပြီးယခုနှဏ်ဘောလုံးရာသီမှာတော့အာဆင်နယ်အသင်းဟာနောက်ခံလူနှစ်ဦးထပ်မံဝယ်ယူလိုက်တာကြောင့် အသင်းမှာလူပိုတစ်ဦးလိုခံစားရပြီးအသင်းမှထွက်ခွာဖို့ဆုံးဖြတ်လိုက်သူပါ။ဒါပေမယ့်ဟိုးဒင်းရဲ့ခြေစွမ်းခြေစကိုအကဲခတ်မိတဲ့အာဆင်နယ်ဂန္ဓဝင်ကစားသမားကြီးများက အပြတ်မရောင်းဘဲအငှားချဖို့သာအသင်းကိုတိုက်တွန်းလို့အသင်းကလည်းသဘောတူညီခဲ့ပြီး နောက်နယူးကာဆယ်အသင်းကို အငှားသွားရောက်ကစားဖို့စီစည်ခဲ့တာပါ။ဒါပေမယ့် FAဗိုလ်လုပွဲမှာခြေစွမ်းပြနိုင်မှု ယနေ့ပွဲစဉ်မှာ အသင်းခေါင်းဆောင်ဒေးဗစ်လူးဝစ်ဒဏ်ရကြောင့်မကစားနိုင်ချိန်မှာ အကောင်းဆုံးဝင်ရောက်ကစားနိုင်ခဲ့မှုတွေကြောင့်နည်းပြအာတေးတာက အခုလိုပြောင်ပြောင်တင်းတင်းဘဲ ဟိုးဒင်းရဲ့ထွက်ခွာလိုမှုကိုတားဆီးလိုက်တာပါ။

Leave a Comment

Your email address will not be published.