မနေ့ညကအက်စတန်ဗီလာရဲ့အိမ်ကွင်းမှာပြုလုပ်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲကြိုခြေစမ်းပွဲမှာ မန်ယူအသင်းဟာ အက်စန်ဗီလာအသင်းကို၁-၀ဂိုးရလာဒ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်။အဆိုပါပွဲစဉ်မှာ မန်ယူကစားသမားသစ်ဗန်ဒါဘိဟာ ပွဲချိန်ပြည့်ပါဝင်ကစားသွားခဲ့ပြီးအခြားစီနီယာကစားသမားအာလုံးကတော့ပါဝင်ခြင်းမရှိဘဲပထမပိုင်းမှာ တော်မီနေးနဲ့တွဲဖက်ကစားခဲ့ရကာဒုတိယပိုင်းမှာတော့ လူငယ်ကစားသမားလေး အီသန်ဂယ်ဘရစ်တွဲဖက်ကစားခဲ့ရကောင်းသိရပါတယ်။အသင်းရှုံးနိမ့်ခဲ့ပေမယ် ဗန်ဒါဘိနဲ့ဂိုသမားဟန်ဒါဆန်တို့ဟာထိပ်တန်းအရည်အသွေးပြသွားခဲ့ကြောင်းနည်းပြဆိုးရှားကပွဲအပြီးမှာ မန်ယူတီဗီနဲ့အင်တာဗျူးမှာပြောခဲ့ပါတယ်ဆိုးရှားကတချို့ကစားသမားတွေရဲ့ စွမ်းဆောင်မှုနဲ့ ပက်သက်ပြီးအပေါင်းလက္ခဏာဆောင်တဲ့အချက်ကလေးတွေလည်းတွေ့ခဲ့ရပါတယ်၊ဒင်းဟန်ဒါဆန်ဆိုရင်သူ့ရဲ့လုပ်ပိုင်ခွင့်ကိုပြန်လည်ပြသနိုင်ခဲ့ပြီးတော့တကယ့်ယူနိုက်တက်နံပါတ်၁ဂိုးသမားလို
စွမ်းဆောင်ပြနိုင်ခဲ့တယ်၊ယူနိုက်တက်ကအသင်းကြီးလူစာရင်းထဲကနေကစားသမားတော်တော်များများမပါဘဲ ဘာမင်ဂမ်မှာကစားခဲ့တာဖြစ်ပြီး နောက်လာမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂)ဖြစ်တဲ့ ခရစ်စ်တယ်ပဲလေ့စ်နဲ့ ကန်ရမဲ့ပွဲမှာအဓိကကစားသမားတွေ အဆင်သင့်ဖြစ်ဖို့ မျှော်လင့်နေပါတယ်နိုင်ငံတကာပွဲစဉ်တွေကလည်း အများကြီးအကူအညီပေးပါတယ်။ ပြီးတော့ကြည့်မယ်ဆိုရင် တချို့ကစားသမားတွေအနေနဲ့လည်း ကစားဖို့အချိန်တွေပိုပေးဖို့ လိုနေတာကိုလည်းတွေ့ရတယ်ဒီပွဲမှာရလဒ်ကတော့အဓိကအရာမဟုတ်ပါဘူးလိုပြောကြားခဲပါတယ်။

Leave a Comment

Your email address will not be published.