မန်ချက်စတာယူနိုက်တတ်အသင်းဟာ ရီးရဲယ်မက်ဒရစ်အသင်းရဲ့စပိန်လက်ရွေးစင်ဘယ်နောက်ခံကစားသမားရယ်ဂီလွန်ကိုပေါင်၂၇.၇သန်းနဲ့လေးနှစ်စာချုပ်နဲ့ခေါ်ယူဖို့သဘောတူညီလိုက်ပြီလို့စပိန်နာမည်ကြီးသတင်းစာ ASကဖော်ပြလိုက်ပါတယ်။အဆိုပါရောင်းချမှုမှာရီးရဲယ်မက်ဒရစ်အသင်းဟာ ကစားသမားကိုပြန်လည်ခေါ်ယူခွင့်Buy Backပါထည့်သွင်းထားပြီးအဆိုပါအချက်ကိုထည့်သွင်းခြင်းမရှိဘူးဆိုရင်တော့ရောင်းချမှာမဟုတ်ဘူးလို့ဆိုပါတယ်။အဆိုပါအချက်ကိုထည့်သွင်းခွင့်ပေးလိုက်လို့ မန်ယူအသင်းကတောင်းဆိုတဲ့ပေါင်၂၇.၇သန်းဆိုတဲ့ ရီးရဲယ်အသင်းကသဘောတူလိုက်တာဖြစ်ကြောင်းဖော်ပြထားပါတယ်။ရက်ဂီလွန်ကိုရီးရဲယ်အသင်းကဆီးဗီးလားအသင်းဆီမှာအငှားချထားပြီး မန်ယူအသင်းကိုဆီးဗီးလားအသင်းကဖြုတ်ချခဲ့တဲ့ယူရိုပါလိဂ်ဆီးမီးဖိုင်နယ်ပွဲစဉ်မှာ ပါဝင်ခြေစွမ်းပြခဲ့တာကိုဆိုးရှားကသဘောကျနေခဲ့ပါ။

ဒါ့အပြင်အသင်းရဲ့ဒဏ်ရာမကြာခဏရရှိနေတဲ့ နောက်ခံကစားသမားရှောကို လည်းစိတ်မချတာကြောင့် ဘယ်နောက်ခံကစားသမားသစ်ကိုရှာဖွေနေတာပါ။တကယ်လို့ရက်ဂီလွန်သာမန်ယူအသင်းကိုရောက်လာပါက လူငယ်နောက်ခံကစားသမားလေးဝီလီယန်ကလည်း ညာနောက်ခံနေရာကိုပြောင်းလဲကစားရဖွယ်ရှိနေကြောင်းလည်းသိရပါတယ်။အသက်၂၃နှစ်အရွယ်စပိန်ဘယ်နောက်ခံကစားသမားဟာ တဦးချင်းကျွမ်းကျင်မှုနဲ့ကစားနိုင်ပြီးခံစစ်ကို အားဖြည့်ကစားရာမှာအတော်ထူးချွန်သူတစ်ဦးဖြစ်ပါတယ်။လာလီဂါ၄၅ပွဲပွဲထွက်ကစားထားပြီး ၂ဂိုးသွင်းယူကာ၆ဂိုးဖန်တီးပေးထားပါတယ်ဆီးဗီးလားအသင်းနဲ့အတူယူရိုပါလိဂ်၅ပွဲကစားထားပြီး၁ဂိုးသွင်းယူကာတဂိုးဖန်းတီးပေးထားပြီးယူရိုပါလိဂ်ဖလားလည်းရရှိထားပါတယ်။

Leave a Comment

Your email address will not be published.