ချဲယ်ဆီးအသင်းဟာ လာမယ့်ရာသီသစ်အတွက်အထူးပြင်ဆင်တဲ့အနေနဲ့ပေါင်သန်း၂၀၀ကျော်အသုံးပြုပြီးထိပ်တန်းကစားသမား၇ဦးကိုအာဖြည့်ထားပါတယ်။လာမယ့်အင်္ဂာနေ့ညမှာဘရိုက်တန်အသင်းစတင်ယှဉ်ပြိုင်မယ့်ပရီးမီးယားလိဂ်အဖွင့်ပွဲအတွက် အသင်းမှအသစ်ခေါ်ယူထားတဲ့ ကစားသမားများအနက်ဟာကင်ဇီးယက်ဘန်ချီဝဲနဲ့သီရာဂိုဆေးဗားတို့မပါဝင်ဘူးလို့ နည်းပြလမ်းပတ်ကပြောကြားလိုက်ပါတယ်။နည်းပြလမ်းပတ်က ဇီးယက်ကရာသီကြို‌လေ့ကျင့်ခန်းမှာဒဏ်ရာရရှိထားပါတယ်။သူ့ရဲ့ဒူးဒဏ်ရာကဘရိုက်တန်နဲ့ပွဲကိုလွဲချော်တော့မှာပါ။သူရဲ့ကြံ့ခိုင်မှုက ပွဲထွက်ကစားဖို့အဆင်သင့်မဖြစ်သေးပါဘူး။နောက်ရက်သတ္တပါတ်လောက်ဆိုရင်တော့ ပြန်လည်ကြံ့ခိုင်လာပြီးပွဲထွက်ကစားလာနိုင်မယ်ထင်ပါတယ်။

ချီဝဲကတော့လက်စတာအသင်းကရရှိခဲ့တဲ့ဒဏ်ရာကိုကြံ့ခိုင်မှုရရှိအောင်ပြန်လည်ပျိုးထောင်နေပါတယ်။ဘရိုက်တန်နဲ့ပွဲမှာတော့ ပါဝင်နို်မှာမဟုတ်တာသေချာပါတယ်။ဒါပေမယ့်သတင်းကောင်းတခုကတော့ သီရာဂိုဆေးဗားကတော့လန်ဒန်ကိုရောက်ရှိလာပြီဒါပေမယ့်အသင်းနဲ့ပူပေါင်းလေ့ကျင့်မှုတွေမလုပ်ရသေးတော့ ပွဲထွက်ကစားဖို့မဖြစ်နိုင်သေးပါဘူးမီဒီယာတွေကိုသတင်းပေးလိုက်ပါတယ်။ဒါ့အပြင်နည်းပြလမ်းပက်က အခုရာသီသန်းပေါင်းရာချီအသုံးပြုပြီးကစားသမားတွေဖြည့်တင်းထားပေမယ့် တခြားအသင်းတွေရဲ့လုပ်ဆောင်ချက်တွေကို စိတ်မဝင်စားဘူးလို့ဆိုပါတယ်။ပီးခဲ့တဲ့နှစ်ရာသီမှာချဲယ်ဆီးဟာမန်စီးတီးနဲ့ လီပါပူလ်းအသင်းတို့ရဲ့နောက်မှာရာသီအဆုံးသတ်ခဲ့ရတာကို တော့အခုရာသီမှာအဖြစ်ခံတော့မှာမဟုတ်ဘူးလို့ဆိုပါတယ်။ချဲယ်ဆီးအသင်းဟာအခုရာသီမှာပေါင်သန်း၂၀၀ကျော်အသုံးပြုပြီးထိပ်တန်းကစားသမား၇ဦးကိုအားဖြည့်ထားသည့်အပြင်ရန်းအသင်းဂိုးသမား မန်ဒီနဲ့ဝက်ဟမ်းကွင်းလယ်ကစားသမားရိုက်တို့ကိုပါထပ်မံဝယ်ယူဖို့ပြင်ဆင်နေပါတယ်။

Leave a Comment

Your email address will not be published.