အာဆင်နယ်အသင်းရဲ့ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူး အော်ဘာမီယန်းဟာဖူဟမ်းအသင်းကိုအဝေးကွင်းမှာအနိုင်ရတဲ့ပွဲအပြီး အသင်းဖော်ဘရာဇီးတောင်ပံကစားသမားဝီလီယံဟာ သူ့ရဲ့အသင်းသစ်ပွဲဦးထွက်မှာခြေစွမ်းပြသနိုင်ပြီး အသင်းအနိုင်ရတဲ့တာကိုဝမ်းသာလွန်းလို့ကခုန်နေတဲ့ဗီဒီယိုဖိုင်ကို သူ့ရဲ့ အင်စတာဂရမ်ကနေပြီးပရိတ်သတ်ထံအရောက်ပို့လိုက်ပါတယ်။ဒါဟာအသင်းဖော်ကစားသမားခြင်းရင်းနှီးမှုကိုဖော်ပြလိုက်တာဖြစ်ပြီးဝီလီယံနဲ့အော်ဘာအတွဲညီမှု ဟာအာဆင်နယ်အနာဂတ်အတွက်အလွန်ကောင်းမွန်ပါတယ်။ဖူဟမ်းကိုအဝေးကွင်းမှာ ၀-၃ဂိုးဖြင့်အနို်ရတဲ့ပါဲစဉ်မှာရရှိခဲ့တဲ့ ၃ဂိုးလုံးဟာ ဘရာဇီးကစားသမာနဲ့ပါတ်သတ်မှု၇ှိခဲ့ပြီး ပထမဂိုးဟာဝီလီယံကန်သွင်းရာမှပြန်ထွက်လာတဲ့ဘောလုံးကိုတိုက်စစ်မှုးလာကာဇတ်ကသွင်းယူခဲ့တာဖြစ်ပြီး၊ဒုတိယကိုအတွက်တော့ ဂါဘရီရယ်သွင်းယူခွင့်ရရန်ထောင့်ကန်ဘောမှဖန်တီးပေးခဲ့တာပါ၊

တတီယဂိုးကလည်းတိုက်စစ်မှုးအော်ဘာမီယန်းထံဖြတ်တင်ဘောပေးပို့ခဲ့ပြီးအော်ဘာကသူ့စတိုင်အတိုင်းအဆုံးသတ်ပေးခဲ့တာပါ။အဆိုပါပွဲစဉ်မှာ အကောင်းဆုံးဆုရခဲ့တဲ့ဝီလီယံဟာ ပွဲအပြီးအဝတ်လဲခန်းမှာဝမ်းသာလွန်းလို့ကခုန်နေခဲ့ပြီး အဲ့ဒိအကတေွကို အော်ဘာကလူမှုကွန်ယက်ပေါ်ပို့ခဲ့တာပါ။ဝီလီယံကိုချဲယ်ဆီးအသင်းကပြောင်းရွှေ့ကြေးမဲ့နဲ့ခေါ်ယူချိန်ကဝေဖန်မှုအနည်းငယ်ရှိခဲ့ပေမယ့်ဘရာဇီးကစားသမားဟာ ထိပ်တန်းအဆင့်မှာဆက်လက်ရပ်တည်နေဆဲဆိုတာပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ နှစ်ဂိုးဖန်တီးပြီးသက်သေပြခဲ့တာပါ။ဒါ့အပြင် ပြစ်ဒဏ်ဘောကန်ချက်တခုကလည်းတိုင်ခြေထိထွက်ခဲ့လို့သာ အသင်းသစ်နဲ့အဖွင့်ဂိုးလွဲခဲ့ရတာပါ။အော်ဘာမီးယန်းကလည်းအသင်းနဲ့စာချုပ်သစ်ကိစ္စဟာမကြာခင်ကြေညာတော့မှာဖြစ်ကြောင်းနဲ့ အာဆင်နယ်အသင်းကနေအော်ဘာဘာအကြောင်းနဲ့မှထွက်သွားဖို့မရှိကြောင်း နည်းပြအာတေးတားပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Leave a Comment

Your email address will not be published.