အာဆင်နယ်အသင်းဟာ အသင်းကဥရုကွေးကွင်းလယ်ကစားသမားတော်ရဲယားကိုစီးရီအေကလပ်တိုရီနိုအသင်းကိုရောင်းချဖို့သဘောတူညီမှုတွေအားလုံးပြီးသွားပြီးမကြာခင်နာရီပိုင်းအတွင်းမှာ ကစားသမားကိုရောင်းချလိုက်ပြီဆိုတာကိုတရားဝင်ကြေညာတော့မှာဖြစ်ကြောင်းစီးရီအေအသင်းမှန်တွေသာတင်ပြလေ့ရှိတဲ့Calciomercato မှာဖော်ပြလိုက်ပါပြီ။ဥရုကွေးလက်ရွေးစင်ရဲ့စီးရီးအေပြန်ရေးအိပ်မက်ဟာအခုဆိုရင်အကောင်အထည်ပေါ်လာပြီးအာဆင်နယ်အသင်းဟာတော်ရဲယားအတွက်ပြောင်းရွှေ့ကြေးပေါင်၂၄သန်းရှိမှာဖြစ်ကြောင်းသိရပါတယ်။ဒာပေမယ့်အရစ်ကျစနစ်နဲ့ရောင်းချရမှာဖြစ်တာကြောင့်ပထမပေးချေမှုဘယ်လောက်ဖြစ်လာမလဲဆိုတာတော့မသိရသေးဘူးလို့ဆိုပါတယ်၊

တော်ရဲယားဟာအင်္ဂလန်ရဲ့လူနေမှုစနစ်တွေကိုအသားမကျတာရာသီဥတုဒဏ်မခံနိုင်ရာကနေ ဒဏ်ရာမကြာခဏရရှိနေတာဖြစ်ပြီးအာဆင်နယ်ပရီတ်သတ်အကြိုက်ကစားသမားတစ်ယောက်ဖြစ်ပါတယ်၊ဒါအပြင်သူအားသန်တဲ့ကွင်းလယ်ခံစစ်နေရာမှပုံမှန်ကစားခွင့်မရတာဟာသူ့ရဲ့ခြေစွမ်းကို ထိခိုက်စေတယ်လို့ကစားသမားကယုံကြည်နေပါတယ်။ဒါကြောင့်ဆရာဟောင်းနည်းပြလုပ်နေတဲ့စီးရီးအေအသင်းတိုရီနိုသို့သာပြောင်းရွှေ့ချင်နေပြီးသူ့ရဲ့ပုံမှန်ခြေစွမ်းကိုအီတလီမှာ ရှာဖွေနိုင်လိမ့်မယ်လို့ယုံကြည်နေသူပါ။တိုရီနိုအသင်းကလည်း ကွင်းလယ်ကစားသမာ အာမန်ဒိုအဇစ်ကိုရိုးမားအသင်းသိ‌ြရောင်းချရန်သဘောတူထားပြီးနောက်မှာအာဆင်နယ်အသင်းကနေ တော်ရဲ့ယားကိုအမြန်ပြန်လည်ခေါ်ယူတယဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.