မန်ယူအသင်းကနေလိုင်ယွန်အသင်းကိုရောင်းချထားတဲ့ နယ်သာလန်ကွင်းလယ်ကစားသမားဒီပေးကိုအသင်းကိုပြန်လည်ခေါ်ယူပေးဖို့မန်ယူပရိတ်သတ်အများအပြားကလူမှုကွန်ယက်တွေမှာရေးသားပြီးအသင်းကိုတောင်းဆိုနေကြပါတယ်။ဒီပေဒဟာဘယ်တောင်ပံအားသန်တဲ့ကစားသမားဖြစ်ပေမယ့်အခုနောက်ပိုင်းလိုင်ယွန်အသင်းမှာ တိုက်စစ်မှူးနေရာကိုပြောင်းလဲကစားနေပြီးအစွမ်းပြဂိုးတွေသွင်းယူနေတာကြောင့်မန်ယူပရိတ်သတ်တွေကအသင်းမှာတိုက်စစ်မှူးလိုအပ်ချက်ရှိနေတာကို ဒီပေးနဲ့ပြန်လည်ဖြည့်ဆည်းချင်နေကြောင်းသိရပါတယ်။တကယ်လို့မန်ယူအသင်းဟာ ဒီပေးကိုလိုင်ယွန်အသင်းကနေပြန်လည်ခေါ်ယူပါကတန်ကြေးအနေနဲ့ပေါင်၂၂သန်းသာပေးရမှာဖြစ်ပြီးဒီပေးကိုရောင်းချခဲ့စဉ်ကထည့်သွင်းထားတဲ့ပြန်လည်ဝယ်ယူခွင့်ခံစားချက်ကိုရရှိမှာဖြစ်ပါတယ်။

တကယ်လို့လိုင်ယွန်ကဒီပေးကိုအခြားအသင်းကိုရောင်းချမယ်ဆိုရင်လည်းမန်ယူအသင်းကိုဦးစွာအသိပေးရမှာဖြစ်ပြီးမန်ယူကပြန်လည်မဝယ်ယူဘူးဆိုမှရောင်းချခွင့်ရှိမှာဖြစ်ပါတယ်။ဒီပေးကလည်းမန်ယူပရိတ်သတ်တွေပြန်လိုချင်လောက်အောင်အစွမ်းပြနေပြီးအခုရာသီလီဂူးပွဲစဉ်၂ပွဲမှာတင်၃ဂိုးသွင်းယူပြီးအစွမ်းပြထားပါတယ်။ဒီပေးကိုလိုင်ယွန်အသင်းထံမှနေဘာစီလိုနာအသင်းကဝယ်ယူဖို့စီစဉ်နေပြီးဘာစီလိုနာနည်းပြသစ်ကိုးမန်းဟာဒီပေးနယ်သာလန်လက်ရွေးစင်အသင်းမှာကောင်းကောင်းကိုင်တွယ်ခဲ့သူဖြစ်တာကြောင့် ဒီပေးရဲ့အာားသာချက်ကိုကောင်းကောင်းသိသူဖြစ်နေတာကြောင့်တပည့်ဟောင်းကိုအရခေါ်ယူချင်နေပါတယ်။

လာမယ့်ဇန်နဝါရီမှာ တရုတ်ကလပ်ကိုတိုက်စစ်မှူးအီဂါလိုကိုပြန်လွှတ်ရမယ့်မန်ယူဟာ တိုက်စစ်လိုအပ်ချက်ရှိနေပြီးမန်ယူပရိတ်သတ်တွေကတော့ ခြေစွမ်းပြသနေတဲ့ကစားသမားဟောင်းကိုအသင်းစီပြန်ခေါ်ပေးဖို့တိုက်တွန်းနေကြတာပါ။

Leave a Comment

Your email address will not be published.