အခုအပြောင်းအရွှေ့ရာသိတစ်ခုလည်းရဲ့မန်ယူအသင်း၏ထိပ်တန်းပစ်မှတ်ကစားသမားဆန်ချိုကိုမန်ယူအသင်းက ပေါင်သန်း၁၀၀ကျော်တန်ဖိုးရှိစာချုပ်နဲ့ခေါ်ယူဖို့ကမ်းလှမ်းရာမှာဒေါ့မွန်အသင်းဟာ ငွေလုံးငွေရင်းကိုသာတောင်းဆိုပြီးမန်ယူအသင်းဟာ အရစ်ကျစနစ်နဲ့ပေးချေလိုတာကြောင့်အဆိုပါညှိနှိုင်းချက်ဟာအဆင်မပြေဖြစ်ခဲ့ရကြောင်းသိရပါတယ်။ကိုရိုနာဗိုင်းရပ်ပြသနကြောင့်မန်ယူအသင်းဟာ အခုချိန်မှာအသင်းရဲ့အပြောင်းအရွှေ့တခုအတွက်ပေါင်းသန်းရာကျော်ကိုငွေလုံးငွေရင်းအနေနဲ့အသုံးမပြုချင်ဘူးလိုအက်ဝုဒ်ဝက်ကဆိုပါတယ်။အသင်းရဲ့ဝင်ငွေတခုဖြစ်တဲ့ကွင်းဝင်ကြေးရရှိငွေဟာလည်းမည်သည့်အချိန်ထိရပ်တန့်နေမည်ဆိုတာကလည်းမသေချာသလို ကွင်းအတွင်းပရိတ်သတ်ပြန်လည်ကြည့်ရှုခွင်ပြုပါကလည်းယခင်လို ကွင်းလုံးပြည့် ကြည့်ရှုနိုင်မယ့်အနေထားမျိုးမရှိဘဲ ကိုဗစ်စည်းမျဉ်းတွေအတိုင်းပရိတ်သတ်အနည်းငယ်သာ ကြည့်ရှုခွင့်ရရှိမှာဖြစ်တာကြောင့်အသင်းရဲ့ဝင်ငွေဟာသိသိသာသာကိုလျော့နည်းနေမှာဖြစ်သလို အသင်းရဲ့စပွန်ဆာကုပ္ပဏီတွေအာလုံးဟာလည်းစီးပွားရေးကျဆင်းနေတာကြောင့် အခုလိုငွေလုံးငွေရင်းအသုံးစရိတ်ကို အသုံးမပြုချင်ကြောင်းသိရပါတယ်။

ဆန်ချိကိုယ်တိုင်ကတော့မွေးရပ်မြေကိုပြန်လာချင်နေပြီး သူ့ရဲ့အပြောင်းအရွှေ့အတွက်တသင်းထြသောကမ်းလှမ်းမှုဖြစ်တဲ့မန်ချက်စတာယူနိုက်တတ် ကိုပြောင်းရွှေ့ချင်ပါတယ်။ဒါပေမယ့် ဒေါ့မွန်အသင်းနဲ့စာချုပ်သက်တမ်း၃နှစ်ကျန်နေတာကြောင့်အနည်းဆုံးနောက်တရာသီကတော့ ဒေါ့မွန်အသင်းမှာဘဲ ဆက်ကစားရတော့မှာပါ။ဒေါမွန်အသင်းဟာလည်းစီးပွားရေးကျဆင်းပြီးအသင်းရဲ့ဘဏ္ဌာရေးရှင်းတန်းမှာအရှုံးပေါ်နေတာကိုဖြေရှင်းဖို့လိုနေတာကြောင့်ဆန်ချိုရဲ့အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရင်တောင်သေချာပေါက်အသင်းကနေအခြားကစားသမားတွေကိုရောင်းချမှုပြုလုပ်ရဦးမှာပါ။မန်ယူအသင်းကလည်း လိုအပ်နေတဲ့ အသင်းရဲ့ညာတောင်ပံနေရာအတွက် ဆန်ချိုအစားအငှားနဲ့ခေါ်ယူခွင့်ရမယ့် ဝါရင့်ကစားသမားမျိုးကိုစောင့်ကြည့်နေပြီး ဘိုင်ယန်မြူးနစ်အသင်းကိုအင်တာမီလန်အသင်းမှအငှားချထားတဲ့ ခရိုအေးရှားတောင်ပံကစားသမားပါရီဆစ်နဲ့ရီးရဲယ်အသင်းနဲ့အဆင်မပြေဖြစ်နေတဲ့ဝေလ်းတောင်ပံကစားသမား ဂါရက်ဘေလ်းတို့ကို ပြောင်းလည်းချိတ်ချက်နေပါတယ်။ဘုန်းမောက်အသင်း ကတောင်ပံကစားသမားဒေးဗစ်ဘရွတ်ကိုလည်းစောင့်ကြည့်နေပြီး အဆိုပါ၂၃နှစ်အရွယ်ကစားသမားလေးအတွက်တော့ပေါင်းသန်း၅၀လောက်အသုံးပြုပြီး စာချုပ်ခေါ်ယူမှရမှာကြောင့် မန်ယူအသင်းအနေနဲ့ အငှားခေါ်လို့ရနိုင်မယ့် ကစားသမားတွေကိုလဦးစားပေးဆက်သွယ်ဖို့စီစဉ်နေကြောင်းဆိုပါတယ်။အခုအသတင်းကိုဗြိတိန်နာမည်ကြီးသတင်းစာThe Sunမှဘာသာပြန်တင်ပြပါတယ်။

Leave a Comment

Your email address will not be published.