မန်ယူအသင်းရဲ့ဘရားဇီးကွင်းလယ်ကစားသမားဖရက်ဟာအသင်းကထွက်ခွာတော့မယ်လို့သတင်းတွေထွက်ဖော်လာပြီးနောက်မှာမန်ချက်စတာညနေခင်းသတင်းစာမှာ အသင်းကနေထွက်သွားဖို့မရှိဘဲနေရာတနေရာအတွက်တိုက်ပွဲဝင်သွားမယ်လို့ဆိုပါတယ်။ဖရက်ကိုတူရကီထိပ်သီးကလပ်ဂါလာတာဆာရေးကခေါ်ယူဖို့ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ပြီးနောက်မှာ ဖရက်ကသူ့အပြောင်းအရွေ့နဲ့ပါတ်သတ်တဲ့အသင်းတွေကိုအခုလိုဖြေ၇ှင်းလိုက်တာပါ။ဖရက်ကကျွန်တော်မန်ချကစတာမှာဘဲနေချင်ပါတယ်အဲ့ဒါကျွန်တော့်ရဲ့ဆန္ဒပါဘဲဒီအသင်းကနေစွန့်ခွာသွားဖို့ဆိုတာစဉ်းတောင်မစဉ်းစားမိပါဘူးကျွန်တော်အမြဲပြောခဲ့သလိုဘဲကျွန်တော်ဟာ ဒီအသင်းမှာအရေးကြီးတဲ့ကစားသမားတစ်ယောက်အမြဲဖြစ်ချင်ခဲ့တာပါဒိအသင်းအတွက်ဆုဖလားတွေယူချင်ပါတယ်။ယူနိုက်တတ်ဆိုတာတကယ့်အသင်းကြီးပါကစားသမာတိုင်းရဲ့အိပ်မက်ဒိအသင်းမှာကစားရတာဟာတကယ်ကိုကောင်းလွန်းပါတယ်လိုဖြေကြားခဲ့ပြီး။

ဗန်ဒါဘိရောက်ရှိလာမှုကသူ့ရဲ့နေရာကိုခြိမ်းခြောက်မှုတေါရှိလာနိုင်မလားဆိုတဲ့မေးခွန်းကိုလည်း အသင်းမှာလာမယ့်ဘောလုံးရာသီမှာပွဲစဉ်အများကြီးကစားရမှာပါ ချန်ပီယံလိဂ်အပါအဝင်ပွဲစဉ်အမြောက်အများအတွက်ကစားသမားတွေလိုပါတယ်။ဖလားတိုင်းအတွက် အသင်းဟာတောင့်တင်းနေဖို့အရေးကြီးပါတယ်။ဆုဖလားမှန်းတဲ့အသင်းတိုင်းမှာ ကစားရရင်အသင်းအတွင်းမှာယှဉ်ပြိုင်မှုဆိုတာအမြဲရှိနေမှာပါ။ဒါကမထူးဆန်းပါဘူးယူနိုက်တတ်အတွက်နေရာတနေရာလုရတာဟာထူဆန်းတဲ့ကိစ္စမဟုတ်ပါဘူးဒါဟာအသင်းကြီးတိုင်းရဲ့သဘောသဘာဝပါလို့ဖြေကြားပြီး အသင်းကနေထွက်ခွာတော့မယ်ဆိုတာကိုဖြေ၇ှင်းခဲ့ပါတယ်။

Leave a Comment

Your email address will not be published.