အလန်ရှီယားဆိုသည်မှာ နယူးကာဆယ်အသင်းနှင့်ပရီးမီးယားလိဂ်စံချိန်တင်သွင်းဂိုးများကိုသွင်းယူခဲ့သည့် ဂန္ဓဝင်တိုက်စစ်မှူးကြီးဖြစ်ပြီး သူကမန်ယူအသင်းရဲ့အခုရာသီပြင်ဆင်မှုတွေကိုအားမရဖြစ်နေပါတယ်။ဒါပေမယ့် ဒီနွေရာသီအပြောင်းအရွှေ့မှာတော့ ချယ်ဆီးအသင်းက လုံလောက်တဲ့ ကစားသမားအင်းအားကို အလန်းစားဖြည့်တင်းနေပေမယ့် ယူနိုက်တက်ကတော့ အေဂျက်အသင်းရဲ့ ကြယ်ပွင့် ဗန်ဒီဘိခ်ကိုသာ ခေါ်ယူနိုင်နေပါသေးတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်ရဲ့ သမိုင်းတလျောက် ဂိုးအများဆုံး သွင်းယူထားသူ အလန်ရှီးယားက ချယ်ဆီးအသင်းက ယူနိုက်တက်ကို ပြန်လည်ကျော်ဖြတ်နိုင်မယ်လို့ ခန့်မှန်းသွားခဲ့ပြီး ယူနိုက်တက်က အဆင့် (၄)သာ ရပ်တည်နိုင်မယ်လို့ ပြောပြသွားခဲ့ပါတယ်။အလန်ရှီးယားက ” ယူနိုက်တက်အသင်းအနေနဲ့ ယမန်နှစ်ကလို တတိယနေရာရရဖို့ဆိုရင် အကောင်းဆုံးပုံစံနဲ့သွားရပါလိမ့်မယ်။ ဒီအတွက် ကစားသမားတွေကို ခက်ခက်ခဲခဲ ရှာဖွေသွားရမှာပါ။ ယူနိုက်တက်အနေနဲ့ ဒီအဆင့်ကို စိန်ခေါ်မှု ပြုလုပ်နိုင်မယ်လို့ ကျနော့်အတွက်တော့ မသေချာပါဘူး။ ဗန်ဒီဘိခ်အပြင် သူတို့ ကစားသမား ၂ ယောက်လောက်အနည်းဆုံး ထပ်ခေါ်ဖို့ ကျနော် မျော်လင့်ပါတယ်။ အဲဒိထဲမှာ ဆန်ချိုကတော့ တယောက်အပါအဝင်ပေါ့။ဆန်ချိုကို ခေါ်ယူဖို့အတွက် ပရိသတ်တွေလည်း တော်တော်လေး စိတ်လှုပ်ရှားနေမယ်လို့ ကျနော်နားလည်ရပါလိမ့်မယ်။ ယူနိုက်တက်အနေနဲ့ ဆန်ချိုကို မရခဲ့ရင်တောင်မှ သူတို့အသင်းက စောင့်ကြည့်ချင်စရာကောင်းနေဦးမှာပါ။”” ဒါပေမယ့် သူတို့ရဲ့ ဂိုးသမားနေရာ အခြေအနေကိုတော့ ကျနော် တကယ့်ကို စိတ်ဝင်စားနေပါပြီ။ ဘာလို့လဲဆိုရင် နံပါတ်တစ်နေရာအတွက် ဒီဂီယာနဲ့ ဒိန်းဟန်ဒါဆန်တို့ရဲ့ ပြိုင်ဆိုင်မှုကို ကျနော မြင်သွားရမှာမလို့ပါပဲ။ မန်စီးတီးက ချန်ပီယံပြန်ဖြစ်မယ့် အချိန်လို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် အခုက ခန့်မှန်းဖို့ အရမ်းခက်ခဲပါသေးတယ်။

အပြောင်းအရွှေ့က အောက်တိုဘာ (၅)ရက်နေ့မှ ပိတ်သိမ်းမှာဖြစ်သလို ဒီကြားထဲ ဘာတွေဖြစ်ဦးမလဲဆိုတာ မသိသေးဘူးလေ။ကစားသမားခေါ်ယူမှုက အသင်းကို ကြီးမားတဲ့ အပြောင်းအလဲကို ဖြစ်စေနိုင်တယ်လေ။ ယူနိုက်တက်က ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူလိုက်သလိုပေါ့။ ” ဟု ပြောကြားသွားခဲ့ပါတယ်။

Leave a Comment

Your email address will not be published.