အာဆင်နယ်အသင်းရဲ့ဂါဘွန်တိုက်စစ်မှူးအော်ဘာမီယန်းဟာအသင်းနဲ့စာချုပ်သက်တမ်းတိုးစာချုပ်ကိုယနေ့ညနေကဘဲချုပ်ဆိုလိုက်ပြီဖြစ်ကြောင်းအာဆင်နယ်အသင်းကထုတ်ပြန်ကြေညာလိုက်ပါပြီ။အာဆင်နယ်အသင်းဟာအော်ဘာကို တပါတ်လစာပေါင်၂၅၀၀၀၀ရရှိမှာဖြစ်ပြီးအသင်းနဲ့ ၃နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုလိုက်တာဖြစ်ကြောင်းသိရပါတယ်။အော်ဘာမီယန်းက စာချုပ်ချုပ်ဆိုပြီးပြီးချင်းမှာ ကျွန်တော်ဒီအသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ဘာသံသယမှကိုမရှိခဲ့တာပါ သိပ်ကောင်းတဲ့အသင်းနဲ့ စာချုပ်သက်တမ်တိုးလိုက်တာပါ။ဒီအသင်းကပရီတ်သတ်တေါအသင်းဖော်တွေဝန်ထမ်းတွေနောက်ဆုံးအသင်းနဲ့ပါတ်သတ်နေတဲ့အရာအားလုံးကိုကျေးဇူးတင်ပါတယ်။

ကျွန်တော်တို့အတူတကွ အောင်မြင်မှုအကြီးကြီးတွေရယူကြရအောင်ပါ။အာဆင်နယ်မှာအကောင်းဆုံးတွေရောက်လာတော့မယ်လို့ကျွန်တော်ယုံကြည်ပါတယ်လို့ပြောကြားခဲ့ပါတယ်။နည်းပြအာတေးတားကလည်း သူကကမ္ဘာအကောင်းဆုံးတွေထဲကြတယောက်ပါ။အသင်းမာဂိုး၅၀ကိုပွဲအနည်းဆုံးနဲ့ပြည့်ခဲ့သူပါ။သူဘာလုပ်ရမလဲသူကောင်းကောင်းသိသူပါအသင်းအတွက်လည်းအရေးပါတဲ့အသင်းခောင်းဆောင်ပါ။ကျွန်တော်တည်ဆောက်နေတဲ့အသင်းရဲ့အဓိကအစိတ်အပိုင်းပါလို့ပြောကြားခဲ့ပါတယ်။

Leave a Comment

Your email address will not be published.