ဘိုင်ယန်မြူးနစ်အသင်းရ့ဥက္ကဌအူလီဟိုးနက်ကသူ့အသင်းမှကွင်းလယ်ကစားသမားအယ်ကန်တရာကို မန်ယူအသင်းနှင့်လီပါပူလ်းအသင်းတို့က ဝယ်ယူမည်ဟုသတင်းများလွှင့်နေသော်လည်းလက်တွေ့မှာခုချိန်ထိမကမ်းလှမ်းဘဲ ကစားသမားနှင့်သဘောတူညီမှုသာ ယူထားသည့်ပုံစံမျိုးပြုလုပ်နေကြပြီးဘိုင်ယန်အသင်းကိုယခုချိန်ထိမဆက်သွယ်သေးသည်ကိုဒေါသထွက်လျှက်ရှိကာ အဆိုပါနှစ်သင်းလုံးသည်စျေးကွက်ပိတ်ချိန်ထိစောင့်ပြီးသူ့အသင်းမှ ကစားသမားကို အချောင်နှိုက်ရန်စီစဉ်နေကြောင်းပြောကြားလိုက်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းဟာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်စပိန်ကွင်းလယ်လူအယ်ကန်တရာကို စာချုပ်သက်တမ်းတိုးရန်ကမ်းလှမ်းခဲ့သော်လည်းကစားသမားက ပါယ်ချခဲ့ပြီးအသင်းမှထွက်ခွာခွင့်တောင်းခံသောကြောင့် ဘိုင်ယန်အသင်းကထွက်ခွာခွင့်ပေးထားသူဖြစ်ပါတယ်။ဘိုင်ယန်အသင်းကတရားဝင်ထွက်ခွာခွင့်ပေးခဲ့ပြီးနောက် စိတ်ဝင်စားသောအသင်းများ၏တရားဝသ်ကမ်းလှမ်းမှုများကိုစောင့်မျှော်ခဲ့သော်လည်းယခုချိန်ထိ ကမ်းလှမ်းမှုတခုမျှမရှိသေးချေ၊လီပါပူလ်းအသင်းက အယ်ကန်တရာကိုခေါ်ယူရန်အတိအလင်းစိတ်ဝင်စားကြောင်းထုတ်ဖေါ်ထားသလိုမန်ယူအသင်းကလည်းအခွင့်အရေးရရင် ခေါ်ယူလိုနေပါတယ်။အူလီဟိုနက်ကမန်ယူနဲ့လီပါပူလ်းအသင်းတို့ဟာ ပြောင်းရွှေ့ကြေးအားလျော့ကျစေရန်စျေးကွက်ပိတ်ချိန်အထိစောင့်ဆိုင်းနေခြင်းဖြစ်သည်ဟုဝေဖန်ခဲ့ပါတယ်၊၎င်းကအခက်အခဲအခြေအနေပါ၊အစကသီရာဂိုနဲ့လေးနှစ်သက်တမ်းတိုးဖို့သဘောတူညီမှုရပြီးသားပါ၊နောက်တော့သူကစိန်ခေါ်မှုတွေလိုချင်တယ်ဖြစ်သွားရော၊ဒါကလည်းအဆင်ပြေပါတယ်။သူကမန်ယူ ဒါမှမဟုတ်လီပါပူလ်းဒါမှမဟုတ် နှစ်သင်းလုံးနဲ့လည်းပဂ္ဂိုလ်ရေးသဘောတူညီမှုရလောက်ပြီလို့ထင်ပါတယ်။ဒါပေမယ့်နှစ်သင်းလုံးကတရားဝင်ကမ်းလှမ်းမှုမရှိဘဲ ဖြီးဖြန်းနေတယ်။ဒါကတော့အထာမကျဘူး။ဈေးကွက်ပိတ်တဲ့အထိစောင့်ပြီးဈေးသက်သာအောင်အကျပ်ကိုင်နေသလိုပါဘဲလို့ဝေဖန်ခဲ့ပါတယ်၊

Leave a Comment

Your email address will not be published.