ချယ်လ်ဆီးအသင်းရဲ့ စပိန်ဂိုးသမားကီပါဟာ ဘရိုက်တန်နဲ့ပွဲမှာ ဧရိယာပြင်ပကနေ တစ်ဂိုးသွင်းခံခဲ့ရပြီးနောက် ချယ်လ်ဆီးကိုရောက်ရှိပြီးနောက်ပိုင်းမှာ စုစုပေါင်း ၁၉ ဂိုးအထိ ဧရိယာပြင်ပကသွင်းယူတာကို ခံခဲ့ရပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီမှတ်တမ်းနဲ့ ပတ်သက်ပြီး လမ်းပတ်ကတော့ ကီပါကို အပြစ်မတင်ခဲ့ဘဲ ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ပရီးမီးယားလိဂ်မှာ ဘယ်ဂိုးသမားထက်မဆို ကီပါက ဧရိယာပြင်ပသွင်းဂိုးတွေ ပိုမိုခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ဂိုးသမားဟာ လီအန်ဒရိုထရိုဆာ့ဒ်ရဲ့သွင်းယူမှုကို ခံယူခဲ့ရတာလည်းဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ပရီးမီးယားလိဂ်မှာ ဘယ်ဂိုးသမားထက်မဆို ကီပါက ဧရိယာပြင်ပသွင်းဂိုးတွေ ပိုမိုခွင့်ပြုခဲ့ရတာဖြစ်ပြီး ဂယ်ရီနဗီးလ်နဲ့ ဂျင်မီကာရေဂါတို့ကတော့ ပေါင်သန်း ၇ဝတန်ဂိုးသမားရဲ့ လက်စွမ်းအပေါ် ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

Leave a Comment

Your email address will not be published.