ယူနိုက်တက်အသင်းကတော့ ၂၀၁၂-၁၃ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ဆုဖလားကို အကြိမ် ၂၀မြောက် ဆွတ်ခူးပြီးနောက် ယနေ့အချိန်ထိ လိဂ်ဆုဖလားကို ပြန်လည် ဆွတ်ခူးနိုင်ခြင်း မရှိသေးပါဘူး။ ယူနိုက်တက်က လိဂ်ချန်ပီယံ မဖြစ်တာ ၇နှစ်ရှိပါပြီ။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ၂၀၁၃ခုနှစ်နောက်ပိုင်း ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ပြန်ရဖို့ ကြိုးစားရာမှာ လီဗာပူးနဲ့ မန်စီးတီးအသင်းရဲ့ နည်းပြတွေ ဖြစ်တဲ့ ကလော့ပ်နဲ့ဂွါဒီယိုလာ အဆိုပါ အသင်းတွေကနေ ကိုယ်စီ ထွက်ခွာသွားချိန်မှသာ ဖြစ်နိုင်လိမ့်မယ်လို့ ဂယ်ရီနဗီးလ်က ဆိုလိုက်ပါတယ်

ယူနိုက်တက်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ဆုဖလား နောက်ဆုံးရရှိခဲ့တဲ့ ၂၀၁၂-၁၃ ဘောလုံးရာသီအပြီးချိန်က စပြီး ထိပ်သီး လေးသင်းစာရင်းဝင်ဖို့ အမြဲတမ်း ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ရပြီး အဆင့် ၂နေရာကိုလည်း ၇နှစ် အတွင်း တစ်ကြိမ်သာ ရရှိခဲ့ဖူးပါတယ်။