မန်ယူအသင်းကိုပြောင်းရွှေ့တော့မယ်လို့သတင်းတွေအကြီးအကျယ်ထွက်ပေါ်နေတဲ့ရီးရဲယ်မက်ဒရစ်အသင်းမှ စပိန်လက်ရွေးစင်ဘယ်နောက်ခံကစားသမားရက်ဂီလွန်ဟာရီးရဲယ်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာ တွေ့ရခြင်းမရှိတော့ဘူးလို့ စပိန်နာမည်ကြီးသတင်းစာMarcaကဆိုပါတယ်။ရက်ဂီလွန်ကိုရီးရဲယ်အသင်းက ဆီဗီလားအသင်းကိုအငှားချထားရမှာပြန်လည်ခေါ်ယူခဲ့သော်လည်းအသင်းမှာရှိတဲ့စီနီယာကစားသမားများကြောင့်နေရာရဖို့သိပ်မသေချာတဲ့အနေထားမှာရောင်းချဖို့စီစဉ်နေတာပါ၊

မန်ယူအသင်းကရက်ဂီလွန်ကိုမူလကပေါင်သန်း၂၀နဲ့ကမ်းလှမ်းခဲ့သော်လည်းရီးရဲယ်အသင်းကလက်မခံခဲ့တဲ့အတွက် ယခုအခါာပေါင်၂၇.၇သန်းကိုတို့မြှင့်ကမ်းလှမ်းမယ်လို့ဆိုပါတယ်။အဆိုပါဈေးနှုန်းဟာအသင်းနှစ်သင်းကြားသဘောတူညီမှုရဖို့နီးစပ်နေပြီးရီးရဲယ်အသင်ကBuy Backထည့်သွင်းမယ့်အချက်ကိုတော့မန်ယူအသင်းကလက်မခံလိုဘူးလို့သိရပါတယ်။ကစားသမာကတော့ သူ့ရဲ့စပိန်လက်ရွေးစင်အနာဂတ်မပျောက်ဆုံးရေးအတွက် ပွဲထွက်ခွင့်ရရှိမယ့်ဥရောပအသင်းကြီးတသင်းကိုသေချာပေါက်ပြောင်းရွှေ့ချင်နေပြီး မန်ယူအသင်းကလည်းသူ့ရဲ့ အားပေးတဲ့အသင်းတသင်းဖြစ်ကြောင်းဆိုပါတယ်။ဒဏ်ရာမကြာခဏရရှိနေတဲ့မန်ယူနောက်ခံကစားသမားလုရှောအတွက်ရက်ဂီလွန်ရောက်ရှိလာမှာကတော့ ကြီးမားတဲ့ယှဉ်ပြိုင်မှုဖြစ်လာဖို့ရှိနေပြီး ဘယ်နောက်ခံနေရာအတွက် မကြာခဏခေါင်းစားနေရတဲ့ဆိုးရှားအတွက်တော့အခုသတင်းဟာစိတ်သက်သာစရာဖြစ်လာပါတယ်။

Leave a Comment

Your email address will not be published.