လီဗာပူးအသင်းဟာလည်း ငွေကြေးများစွာအသုံးပြုပြီး ကစားသမားကောင်းတွေကို ခေါ်ယူခဲ့တာဖြစ်တယ်လို့ ချဲလ်ဆီးနည်းပြ လမ်းပတ်က ပြောပါတယ်။

လီဗာပူးနည်းပြ ကလော့ပ်က ချဲလ်ဆီးအသင်းရဲ့ ကစားသမားခေါ်ယူမှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတစ်ခု ပြုလုပ်ခဲ့တာနဲ့ပတ်သက်လို့ နည်းပြလမ်းပတ်က ပြန်လည်တုံ့ပြန်ခဲ့တာပါ။

ချဲလ်ဆီးအသင်းဟာ အခုနှစ် အပြောင်းအရွှေ့ကာလမှာ ပေါင်သန်း ၂၀၀ ကျော်တဲ့အထိ ငွေကြေးသုံးစွဲပြီး ကစားသမားကောင်းတွေကို ခေါ်ယူခဲ့တာပါ။လီဗာပူးကစားသမားတွေဖြစ်တဲ့ ဗန်ဒိုက်၊ အလစ်ဆန်၊ မာနေး၊ ဆာလာ အစရှိတဲ့ ကစားသမားတွေဟာလည်း ထူးခြားတဲ့ ကစားသမားတွေဖြစ်ကြပြီး မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေ ပေးခဲ့ရတာဖြစ်တယ်လို့ နည်းပြလမ်းပတ်က ပြောပါတယ်။

ချဲလ်ဆီးအသင်းကတော့ ပြီးခဲ့တဲ့ရာသီက အပြောင်းအရွှေ့မှာ ကစားသမား ခေါ်ယူခွင့် ပိတ်ပင်ခံခဲ့ရတာကြောင့် အခုနှစ်ရာသီမှာ ကစားသမား အင်အားဖြည့်တင်းခဲ့တာဖြစ်ပြီး လီဗာပူးအသင်းဟာလည်း အဲဒီလိုကစားသမားတွေကို ခေါ်ယူခဲ့တာပဲဖြစ်ကြောင်း နည်းပြလမ်းပတ်က ပြောပါတယ်။

 

မနေ့ညက ကန်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ချဲလ်ဆီးအသင်းဟာ အဖွင့်ပွဲစဉ်မှာ ဘရိုက်တန်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ပရီးမီးယားလိဂ် သမိုင်းမှာ ရမှတ်စုစုပေါင်း ၂၀၀၀ ပြည့်တဲ့ တတိယမြောက်အသင်းဖြစ် မှတ်တမ်းဝင်သွားပါတယ်။

Leave a Comment

Your email address will not be published.