ရီးရဲယ်အသင်းမှ မန်ယူအသင်းသို့ရောင်းချတော့မည့်စပိန်လက်ရွေးစင်ဘယ်နောက်ခံကစားသမားရက်ဂီလွန်ဟာသူ့ကိုမန်ယူအသင်းသို့ရောင်းချချိန်မှာထည့်သွင်းမယ့်ရီးရဲယ်အသင်းရဲ့ပြန်လည်ဝယ်ယူခွင့်အချက်ကို ကစားသမားကိုယ်တိုင်ကသဘောမတူကြောင်အပြောင်းအရွှေ့သတင်းတွေကြီးဘဲရေးနေတဲ့အေးဂျင့်ဖာဇီယိုကစပိန်သတင်းစာမာကာကိုပြောလိုက်ပါတယ်။ရက်ဂီလွန်ဟာသူကိုအပြီးသတ်ရောင်းချတာမျိုးဘဲအလိုရှိပြီးသူကိုယ်တိုင်ကလည်းမန်ယူအသင်းရဲ့ပရိတ်သတ်ဖြစ်ကြောင်းဆိုပါတယ်။ဖာဇီယိုက ရက်ဂီလွန်ကbuybackကိုရီးရဲယ်ကတောင်းဆိုတာကိုလက်မခံပါဘူး။

သူကိုယ်တိုင်ကလည်းယူနိုက်တတ်ပရိတ်သတ်လေအသင်းကြီးတသင်းကိုထွက်ခွာပြီးမှတော့ဘယ်ပြန်လာချင်မလဲပြီးတော့ရှေ့မှာ မိုရာတာကိစ္စကလည်းနမူနာရှိတယ်လေမန်ယူကလည်းကစားသမားတစ်ယောကိုတနှစ်နှစ်နှစ်ဘဲဝယ်ပါပြီးရင်ပြန်ရောင်းပါဆိုတာကိုလက်မခံပါဘူး။ရက်ဂီလွန်ကိုဝယ်ယူရင်ရေရှည်အတွက်ဘဲဝယ်တာပါ။အပြောင်းအရွှေ့ထွက်မလာနိုင်သေးပါဘူး မန်ယူအနေနဲ့ကမ်းလှမ်းမှုမလုပ်ရသေးပါဘူးရီးရဲယ်အနေနဲ့ယူရိုသန်း၃၀လောက်အလိုရှိ‌နေပေမယ်မန်ယူကယူရို၂၅သန်းလောက်နဲ့ဘဲကမ်းလှမ်းဖို့ရှိပါတယ်လို့မာကာနဲ့အင်တာဗျူးမှာပြောကြားခဲ့ပါတယ်။

ရယ်ဂီလွန်ရဲ့အေးဂျင့်ဖြစ်သူရိုမဲရိုးကလည်းသူ့ကစားသမားကအသင်းကြီးတသင်းကိုပြောင်းရွှေ့ဖို့စဉ်းစားနေပြီလို့မန်ယူပရိတ်သတ်တွေကို သတင်းစကားပါးလိုက်ပါတယ်။မန်ယူရဲ့ကမ်းလှမ်းမှုဈေးနှုန်းကြောင့်ပြန်လည်ဝယ်ယူခွင့်ထည့်သွင်းချင်နေတဲ့ရီးရဲယ်အသင်းဟာကစားသမားကအဆိုပါအချက်ကိုထည့်သွင်းမခံတဲ့အတွက် သူတို့လိုချင်တဲ့ဈေးနှုန်းရရှိအောင်မန်ယူအသင်းနဲ့ဈေးကစားရတော့မှာဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.