အာဆင်နယ်အသင်းရဲ့ဘယ်နောက်ခံကစားသမားဆိစ်ကိုလာစီနက်ကို ဂျာမန်ဘွန်ဒက်လီဂါကလပ်လေပါကူဆင်အသင်းကခေါ်ယူဖို့စောင့်ကြည့်နေပါတယ်အဆိုပါသတင်းကိုဂျာမန်နမည်ကြီးသတင်စာBildရဲ့သတင်းအရသိရတာပါ။လေပါကူဆင်ဟာကိုင်းဟာဗက်နဲ့ဗော်လန်းတို့ကိုရောင်းချရာမှပေါင်သန်း၁၀၀ခန့်အသားတင်ရရှိထားတာကြောင့်အသင်းကိုအင်အားပြန်လည်ဖြည့်တင်းဖို့ပြုလုပ်လာတာပါ။Bildရဲ့သတင်းအရလေပါကူဆင်ဟာကစားသမာနဲ့ဆွေးနွေးမှုတွေရှိနေပြီးအပြောင်းအရွှေ့နောက်ဆုံးရက်မတိုင်ခင်မှာ အသင်းကိုခေါ်ယူနိုင်လိမ့်မယ်လို့သိရပါတယ်။ပြောင်းရွှေ့ကြေးယူရို၁၀သန်းလောက်နဲ့ကမ်းလှမ်းဖို့ရှိနေပြီးအာဆင်နယ်အသင်းကလည်း ရှော့်ကေးအသင်းကနေ ပြောင်းရွှေ့ကြေးမဲ့နဲ့ရထားတဲ့ကစားသမားကိုလက်လွှတ်ဖို့အသင့်ပါ။

လေပါကူဆင်ဟာ တောင်ပံခံစစ်မှူးအနေနဲ့ကော ဗဟိုနောက်ခံလူအနေနဲ့ပါအသုံးပြနိုင်တဲ့ ကိုလာစီနစ်ကိုသာရရှိပါကအသင်းမှာရှိတဲ့ ညာခြေအားသန်းခံစစ်မှူးတွေအစားရွေးချယ်စရာရရှိသွားမှာမို့လို့ အဆိုပါအခန်းကဏ္ဏအတွက် ကိုလာစီနက်ကိုအလိုရှိနေကြောင်းသိရပါတယ်။ကိုလာစီနက်ဟာ အာတီတာရဲ့အသင်းမှာ အရေးပါတဲ့နေရာကနေတဖြည်းဖြည်းဝေးကွာလာနေပြီးကစားသမားကိုယ်တိုင်ကလည်းပုဂ္ဂိုလ်ရေးအကြောင်းကြောင့်မွေးရပ်မြေကိုပြန်ချင်နေပါတယ်ဒါ့အပြင်လေပါကူဆင်မြို့အနီးရှိဒယ်ဆယ်ဒါ့မြို့မှာ ကိုလာစီနက်ရဲ့ကိုယ်ပိုင်နေအိမ်ရှိနေတာကလည်း သူ့အတွက်လေပါကူဆင်ကိုရွေူချက်မယ့်အဓိကအချက်ဖြစ်နေပါတယ်။၂၀၁၇အာဆင်နယ်အသင်းကိုရောက်ရှိလာချိန်မှာအသင်းအတွက် ပထမ၁၁စာရင်းဝင်ခဲ့သော်လည်းသူ့နေရာကိုတီရာနေးကအပိုင်စားယူသွားပြီးမီလန်နိုင်း၊ဆာကာ၊ဆီးဒရစ်တို့ရဲနောက်တန်းစီဇယားကိုရောက်နေလို့လာမယ့်ရာသီမှာကိုလာစီနက်အတွက်ပွဲထွက်ခွင့်ဆိုတာမရှိသလောက်အနေထားဖြစ်နေတာကြောင့်မကြာခင်မှာတခြားအသင်းအင်္ကျီနဲ့ကိုယ်လာစီနက်ကိုတွေ့မြင်ရတော့မှပါ။

Leave a Comment

Your email address will not be published.