အင်္ဂလန်နှင့်မန်ယူအသင်း၏တိုက်စစ်မှူးဂရင်းဝုဒ်သည်တိုက်ခန်းတခုအတွင်းစိတ်ကိုမြူးကြွစေသောအငွေ့(Happy Crack)ကိုရှူခဲ့ကြောင်းဗြိတိန်သတင်းစာ the sunမှ ဗီဓီယိုဖိုင်များရုပ်ပုံများနှင့်တကွတင်ပြခဲ့သည်။ဂရင်းဝုဒ်သည် ယခုစက်တင်ဘာအစောပိုင်းက ဒိန်းမတ်အသင်းနှင့်အင်္ဂလန်လက်ရွေးစင်အသင်းကစားခဲ့သောNations Leagueပွဲမတိုင်မှီအသင်း၏စည်းကမ်းကို ချိုးဖောက်ခဲ့ခြင်းကြောင့်မန်စီးတီးလွင်းလယ်လူဖိုဒန်နှင့်အတူအင်္ဂလန်သို့ပြန်လည်ပို့ဆောင်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။၎င်းတု့နှစ်ယောက်အနက်မှ ဂရင်းဝုဒ်ဟာ နောက်ထပ်ပြစ်တင်ဝေဖန်ခံရမယ့်လုပ်ရပ်တစ်ကိုကျူးလွ်န်ခဲ့ခြင်းဖြစ်သည်။စိတ်မူးကြွစေသည့်အငွေ့ထည့်သွင်းရှူရှိုက်ရသည့်ပူဖောင်းတစ်ခုကို ဂရင်းဝုဒ်ကဓာတ်ငွေ့ဖြည့်သွင်းကာ ရှူရှိုက်နေသည့်ဗီဓီယိုဖိုင်ကို The Sunကဖေါ်ပြခဲ့ခြင်းဖြစ်သည်။ယင်းဖိုင်ကိုဘောင်းဘီတိုဝတ်ဆင်ထားသောမိန်းကလေးငယ်လေးတစ်ဥးကရိုက်ကူးထားခြင်းဖြစ်ပြီး၁၃စက္ကန့်သာ ကြာမြင့်ခဲ့သည်။နီးစပ်သူများ၏အဆိုအရSnapchatမှတဆင့်ထွက်ပေါ်လာသောအဆိုပါဖိုင်သည် လွန်ခဲ့သောရက်သတ္တပါတ်အနည်းငယ်က မန်ချက်စတာရှိတိုက်ခန်းတခုတွင်ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ဓာတ်ငွေ့ဖြည့်တင်းရသော Smatrwhip Charager ၂ခုကိုစားပွဲပေါ်တွင်တွေ့မြင်ရပြီးအလွန်များပြားသည့်ဓာတ်ငွေ့ပမာဏများကိုလည်းတွေ့မြင်ရကြောင်းသိရသည်။

Hipppy Crackအငွေ့မှာလူ၏စိတ်ကိုအလွန်ရွှင်မြူးစေပြီးသုံးစွဲမှုများပါကနှလုံးရောဂာနှင့် ဦးနှောက်ပျက်စီးမှုများကြုံတွေနိုင်ကြောင်းသိရသည်။ယင်းဓာတ်ငွေ့ကို ကာလရှည်သုံးစွဲသူများအနေဖြင့်မှတ်ညဏ်များပျောက်ဆုံးခြင်းဗီတာမင်ချို့တဲ့ခြင်းများဖြစ်ပေါ်တတ်ကြောင်းThe Sunသတင်းမှာဖေါ်ပြသည်။ယင်းဗီဒီဝိုဖိုင်ထွက်ပေါ်ခြင်းကြောင့် ဂရင်းဝုဒ်အနေဖြင့် အင်္ဂလန်လက်ရွေးစင်အသင်းတွင် ပြန်လည်အရွေးချယ်ခံရရန်ကာလမှာ ပိုမိုကြာရှည်ဖွယ်ရှိကြောင်းဖေါ်ပြခဲ့ကြသည်။ဂရင်းဝုဒ်နှင့်ဖိုဒန်ကိုအိုက်စလန်ဟိုတယ်ဖြစ်ရပ်ကြောင့် နိုင်ငံတကာပွဲ၄ပွဲချန်လှပ်ဖွယ်ရှိကြောင်းသတင်းများထွက်ပေါ်ခဲ့သည်။

Leave a Comment

Your email address will not be published.