မန်ချက်စတာယူနိုက်တတ်အသင်းရဲ့ဒဏ်ရာကြောင့်အနားယူနေရတဲ့နောက်ခံကစားသမားဘိုင်ယီဟာလေ့ကျင့်ရေးကွင်းကိုမနေ့ကပြန်လည်ရောက်ရှိလာခဲ့ပါတယ်။လာမယ့်ဘောလုံးရာသီမှာမန်ချက်စတာနောက်တန်းကိုပြုပြင်ချင်နေတဲ့ နည်းဆြိုးရှားဟာ နောက်ခံကစားသမားတစ်ဦးဝယ်ယူလိုလျှက်ရှိပြီးခုချိန်ထိအဆိုပါဆန္ဒဟာပြည့်မြောက်ခြင်းမရှိသေးတာကိုတွေ့ရပါတယ်။ဆိုးရှားဟာမနယူနောက်တန်းကိုအပြောင်းအလဲပြုလုပ်ရာမှာ မက်ဂွိုင်းယားနဲ့တွဲဖက်မယ့်ဗဟိုနောက်ခံလူတစ်ယောက်ကိုရှာဖွေနေပြီးခုချိန်ထိအဆင်မပြေသေးတဲ့အတွက် အသင်းကနေရောင်းချဖိုစီစဉ်ထားတဲ့ဘယ်ခြေအားသန်နောက်ခံကစားသမားရိုဂျိုကိုပါပြန်လည်အသုံးပြုဖို့ထိစဉ်းစားနေတာပါ။

မန်ချက်စတာနောက်တန်းဟာမနှစ်ကဘောလုံးရာသီကုန်ချိန်ကျစ်လစ်တဲ့ပုံစံကိုပြကသခဲ့သော်လည်း မက်ဂွိုင်းယားရဲ့တွဲဖက်ကစားသမားလင်ဒီလော့ဟာ မကြာခဏဆိုသလိုအမှားကျူးလွန်လေ့ရှိတာကိုနည်းပြစိတ်ပျက်နေတာကြောင့် လာမယ့်အပါတ်မှာကစားမယ့် ပွဲစဉ်မှာနောက်တန်းကိုပြုပြင်မယ်ဆိုရင်တော့အခုလိုဘိုင်ယီပြန်ရောက်လာတာဟာသူ့အတွက်ရွေးချယ်စရာဖြစ်လာပြီ။ဘိုင်ယီအနေနဲ့လည်း အခြားနောက်ခံလူတစ်ဦးဖြစ်တဲ့တွမ်ဇီဘီဒဏ်ရာကြောင့်အနားယူနေရချိန်မှာ နည်းပြသိပ်မကြိုက်တဲ့လင်ဒီလော့ရဲ့နေရာကိုရယူနိုင်ဖို့ကျိုးစားရမှာဖြစ်ပါတယ်။အဲ့လိုအနေအထားမဟုတ်လူးဆိုရင်တော့ တွမ်ဇီဘီသာပြန်ရောက်လာရင် ဘိုင်ယီဟာ အသင်းမှာ နံပါတ်လေးနေရာအထိရောက်ရှိသွားနိုင်ပါတယ်။

မနေ့ကကာရင်တန်ကိုပြန်ရောက်လာတဲ့ဘိုင်ယီကိုမီဒီယာတွေကမေးမြန်းရာမှာတော့ ဘိုင်ယီကတိုတိုတုတ်တုတ်ဘဲအဖြေပေးခဲ့ပါတယ်။အဲ့ဒိအဖြေကကျွန်တော်ပြန်ပါပြီတဲ့။တကယ်ဘဲဘိုင်ယီတယောက်မန်ယူကိုရောက်စနှစ်ကလိုခြေစွမ်းမျိုးနဲ့ပြန်လာခဲ့ရင်တော့ဆိုးရှားတစ်ယောက်သားရွှေအိုးထမ်းသလိုဖြစ်လာမှာပါ။

Leave a Comment

Your email address will not be published.