အာဆင်နယ်အသင်းရဲ့ဘရာဇီးအသင်းဖေါ်တွေဖြစ်တဲ့ဒေးဗစ်လူးဝစ်နဲ့ဝီလီယံတို့ဟာသူတို့ရဲ့အသင်းဖေါ်ဟောင်းအော်စကာကို အင်္ဂလန်ကိုပြန်လာပြီးအာဆင်နယ်အသင်းမှာအတူတကွ ကစားဖို့စည်းရုံးနေကြကြောင်း အော်စကာကိုယ်တိုင်ကSky Sportမှာထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။အော်စကာနှင့်အဆိုပါကစားသမားနှစ်ယောက်ဟာချဲယ်ဆီးအသင်းမှာ အတူတကွကစားပြီးအောင်မြင်မှုတွေရခဲ့သလို ဘရာဇီးလက်ရွေးစင်အသင်းမှာလည်းအတူတွဲဖက်ကစားခဲ့ကြသူတွေပါ။အော်စကာကဟာလန်ဒန်ကလပ်အသင်းတခုဖြစ်တဲ့ချဲယ်ဆီးအသင်းမှ၂၀၁၂ကနေ၂၀၁၇အထိကစားခဲ့ပြီးပရီးမီးယားလိဂ်ဖလားနှစ်ကြိမ်ရရှိခဲ့တဲ့အထိအောင်မြင်ခဲ့သူပါ။ထို့နောက်လစာမြင့်မားတဲ့တရုတ်စူပါလိဂ်အသင်းရှန်ဟိုင်းစပရင်းအသင်းကိုပြောင်းရွှေ့ကြေးပေါင်သန်း၆၀နဲ့ပြောင်းရွှေ့ခဲ့ပြီးနောက်မှာ ဥရောပဘောလုံးအသိုင်းအဝိုင်းနဲ့ဝေးကွာနေရသူပါ။အော်စကာဟာအသက်၂၉နှစ်သာရှိသေးပြီးယခုချိန်ထိထိပ်တန်းအဆင်းခြေစွမ်းကိုပြသဆဲပါ၊ရှန်ဟိုင်းအသင်းအတွက် ကိုရိုနာပြသနာအပြီးပြန်ကစားတဲ့လက်ကျန်ပွဲစဉ်တွေမှာတောင်ငါးဂိုးသွင်းယူပြီး၉ဂိုးဖန်တီပေးထားပါသေးတယ်။ဒါကြောင့်အသင်းကနေထွက်ခွာတော့မယ် ကွင်းလည်လူအို‌ဇေးရဲ့နေရာကိုပြန်လည်အစားထိုးရန်အော်စကာကို ဝီလီယန်နဲ့ဒေဗစ်လူးဝစ်ကဆက်သွယ်ခဲ့ကြတာပါ၊အော်စကာကသူတို့ဖုန်းဆက်တာပါကျွန်တော်တို့ကြားမှာကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိတယ်လေ။ကျွန်တော်တို့မကြာခဏစကားပြောဖြစ်ကျပါတယ်၊သူတို့ကကျွန်တော်ကိုအာဆင်နယ်ကိုလာဖို့ခေါ်နေကြတယ်။အဲ့ဒိကိစ္စကကျွန်တော့အတွက်နည်းနည်းတော့ခက်ပါတယ်။ကျွန်တော်ဒီမှာ၂၀၂၄ထိစာချုပ်သက်တမ်းရှိပါသေးတယ်ဒီကနေထွက်ခွါဖို့ကခက်ပါတယ်။အရေးကြီးတာကိုယ်ရှိနေတဲ့နေရာမှာပျော်နေဖို့မဟုတ်ဘူးလားသူတို့လည်းအာဆင်နယ်မှာပျော်နေကြတယ်လေဟုပြောကြားခဲ့တာပါ။အဆိုပါအော်စကာနှင့်Sky Sportတို့ထွက်လာပြီးနောက်ပိုင်းမှာတော့အာဆင်နယ်ပရိတ်သတ်အများက အော်စကာကို အမ်းမရိတ်ကိုခေါ်ဆောင်ပေးရန်အသင်းတာဝန်ရှိသူများကိုလူမှုကွန်ယက်မှတဆင့်ရေးသားတောင်းဆိုမှုတွေအဆက်မပြတ်ပြုလုပ်နေကြပါတယ်။

Leave a Comment

Your email address will not be published.