အင်္ဂလန် လက်ရွေးစင် အသင်း အိုက်စလန်နဲ့ နေးရှင်းလိဂ် ပွဲစဉ်မှာ ဂရင်းဝုဒ်တယောက် လက်ရွေးစင် ကစားသမားဘဝ စတင်ခဲ့ပေမယ့် မိန်းမပျိုလေး တယောက်နဲ့ ဟိုတယ်အခန်းထဲမှာ အတူရှိနေခဲ့ပြီးနောက် အင်္ဂလန် နည်းပြ ဆောက်ဂိတ်ရဲ့ အိမ်ပြန်ပို့ခြင်း ခံခဲ့ရပါတယ်။

အဆိုပါ တောင်ပံ ကစားသမားက အင်္ဂလန် အသင်းမှာသာ မက ယူနိုက်တက်မှာပါ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ စိုးရိမ်စရာ အခြေနေတွေနဲ့ ရင်ဆိုင်နေရပြီး ဖြစ်ခဲ့တဲ့ အမှားယွင်းတွေ အတွက် ဝန်ချ တောင်းပန်မှု ပြုလုပ်ခဲ့သလို နောက်တခါ မဖြစ်စေဖို့ ကတိကဝတ်ပြု ခဲ့ပါတယ်။

ဒါ့အပြင် ဒီတောင်ပံ တိုက်စစ်မှုးလေးက ဖြစ်ပျက်ခဲ့တဲ့ အမှားတွေနဲ့ ပက်သက်လို့ နောင်တ ရမိတယ်လို့ ယူနိုက်တက်ဝက်ဆိုဒ်ကတဆင့် အခုလို တောင်းပန်စကားဆိုသွားခဲ့ပါတယ်။

” ဖြစ်ပျက်ခဲ့တာတွေရဲ့ အကျိုးဆက်ကို အခုခံစားနေရတာပါပဲ၊ ဒီအရှက်ရစရာ အဖြစ်ပျက်အတွက် အားလုံးကို တောင်းပန်ကြောင်း ဆိုချင်ပါတယ်။”

” ကစားသမား၊ဝန်ထမ်းနဲ့ လူထုကို ကာကွယ်ဖို့ ချမှတ်ထားတဲ့ ကိုဗစ် ၁၉ စဘ်းမျဉ်းတွေကို စောင့်ထိန်းတဲ့ တာဝန်ကို မကျေပွန်ခဲ့ဖူး။ အထူးသဖြင့် ကျွန်တော့်အပေါ် ယုံကြည်မှု အပြည့်ပေးခဲ့ပေမယ့် စိတ်ပျက်စေမိခဲ့တဲ့ ဂရတ် ဆောက်ဂိတ်ကိုလဲ အထူးသဖြင့် တောင်းပန်ချင်ပါတယ်။”

” အင်္ဂလန် အသင်းအတွက် ကိုယ်စားပြု ကစားရတာ ကျွန်တော့်အတွက်တော့ တကယ် အကောင်းဆုံး အခိုက်တန့်ပါပဲ။ ဒီကြီးမားအမှားယွင်းအတွက် ကျွန်တော့်အပေါ်သာ အပြစ်တင်ချင်ပါတယ်။”

” ကျွန်တော့်အနေနဲ့ မိသားစုကိုရော၊ယူနိုက်တက်၊အင်္ဂလန် အသင်းနဲ့ ပဂိတ်သက်တွေကို ဒီလိုအဖြစ်ပျက်မျိုး နောက်နောင် မဖြစ်စေဖို့ ကတိပေးပါတယ်။” ဆိုပြီး ဂရင်းဝုဒ်က ဆိုသွားခဲ့ပါတယ်။

ဂရင်းဝုဒ်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက် အသင်းကြီးမှာ ခြေစွမ်းပြခွင့်ရခဲ့ပြီး ၁၇ဂိုးထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။

သူဟာ ယူနိုက်ဆက် တိုက်စစ်မှုးတွေဖြစ်တဲ့ ရက်ဖို့ဒ်၊မာရှယ်တို့နဲ့ တွဲပြီးဘအကောင်းဆုံး ခြေစွမ်းတွေနဲ့အတူ ယူနိုက်တက်ကို ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

ဂရင်းဝုဒ်အပေါ် နည်းပြ ဆိုးရှားကတော့ နားလည် ခွင့်လွှတ်ပေးခဲ့ပြီး အက်စတွန်ဗီလာအသင်းနဲ့ ခြေစမ်းပွဲမှာ ထည့်သွင်းကစားခဲ့ပြီး ယခုတပတ် ပဲလေ့အသင်းနဲ့ ပွဲစဉ်မှာလဲ ပွဲထွက်လာဖို့ ရှိနေပါတယ်။

ITEC News MM

Leave a Comment

Your email address will not be published.