လီပါပူလ်းအသင်းလာလစ်လပ်လျှက်ရှိတဲ့အသင်းရဲ့ကျောနံပါတ်၆အင်္ကျီအတွက်ပိုင်ရှင်ဖြစ်လာမယ့်ကစားသမားကို လက်မှတ်ရေးထိုးခေါ်ယူလိုက်ပါပြီ။ထိုကစားသမားကတော့ကြိုးကြာနီပရိတ်သတ်တွေအားလုံးမျှော်လင့်နေကြတဲ့ဘိုင်ယန်မြူးနစ်အသင်းက စပိန်လက်ရွေးစင်ကါင်းလယ်ကစားသမားသီရာဂိုအယ်ကန်တရာဘဲဖြစ်ပါတယ်။အယ်ကန်တရာကလီပါပူလ်းအသင်းမှာ ယခင်အသင်းဟောင်းမှာဝတ်ဆင်ခဲ့တဲ့ကျောနံပါတ်၆ကိုသာဆက်လက်ဝတ်မယ်လို့သိရတာကြောင့် ခရိုအေးရှားနောက်ခ့လူ လိုဗရန့်ထွက်သွားပြီးထဲကလစ်လပ်နေတဲ့လီပါပူလ်းအသင်းရဲ့ကျောနံပါတ်၆ဟာ အခုဆိုရင်ပိုင်ရှင်ပေါ်လာပါပြီ။သီရာဂိုဟာယခုအခာလီပါပူလ်းအသင်းရဲ့လေ့ကျင့်ရေးကွင်း မဲဝုဒ်မှာဆေးစစ်နေပြီး မကြာခင်အချိန်မှာအပြောင်းအရွှေ့ကိုကြေညာတော့မှပါ။သီရာဂိုအတွက်ပြောင်း‌ရွှေ့ကြေးယရို၂၅သန်းလက်ငင်းပေးချေခဲ့ရပြီး နောက်ထပ်ယူရို၅သန်းထပ်မံပေးချေရမှာဖြစ်တာကြောင့် စုစုပေါင်းပြောင်းရွှေ့ကြေးယူရို သန်း၃၀ခန့်ကုန်ကျမှာပါ။

ဘိုင်ယန်မြူးနစ်ဥက္ကဌ အူလီဟိုးနက်ကသီရာဂိုဟာ ကြီးကျယ်တဲ့သမိုင်းကြောင်းနဲ့ကစားသမားပါ။အခုပြောင်းရွှေ့တာကလည်းသူ့ရဲ့ဆန္ဒပါ။သူဖြစ်ချင်တဲ့ဆန္ဒပြည့်ပြောက်သွားပါပြီသူဟာစိန်ခေါ်မှုအသစ်တွေကိုအလိုရှိနေပါတယ်လို့ပြောကြားခဲ့ပါတယ်။သီရာဂိုဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ၇နှစ်ကြာခဲ့တဲ့ကစားသမားဘဝကိုအဆုံးသတ်လိုက်ပါပြီ ဘိုင်ယန်နဲ့ဂျာမန် ဖလား၇လုံးရရှိခဲ့သည်အထိအောင်မြင်ခဲ့သူဟာ ပရီးမီးယားလိဂ်ချန်ပီယံအသင်းစီပြောင်းရွှေ့လာပြီးစိန်ခေါ်မှုတွေကို ရင်ဆိုင်တော့မှာ။

 

Leave a Comment

Your email address will not be published.