မန်ချက်စတာယူနိုက်တတ်အသင်းဟာပေါ်တိုအသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မယ်ဘရာဇီးဘယ်နောက်ခခံကစားသမား အဲလက်တဲလ်ကို ခေါ်ယူဖို့ညှိနှိုင်းမှုတွေလုပ်နေပါတယ်။အဲလက်တဲလ်ကိုခေါ်ယူရန်ယခုမှဆောင်ရွက်နေတာမဟုတ်ဘဲ လွန်ခဲ့သောရက်သတ္တပါတ်ထဲက တဲလ်ရဲ့အေးဂျင့်ကမန်ချက်စာကိုရောက်နေတာဖြစ်ပြီးမန်ယူထိပ်သီးအချို့နဲ့ပုဂ္ဂိုလ်းဆိုင်ရာသဘောတူညီချက်အချို့ကို ညှိနှိုင်းနေတာပါ။တဲလ်ဟာပေါ်တိုနဲ့စာချုပ်သက်တမ်းတစ်နှစ်သာကျန်ရှိတော့တာဖြစ်ပါတယ်။အဲလက်တဲလ်ဟာမူလထဲကမန်ယူနည်းပြဆိုးရှားရဲ့ပစ်မှတ်ကစားသမားဖြစ်ပြီး သူ့ရဲ့များပြားလှတဲ့အတွေ့အကြုံတွေကို အသင်းကလူငယ်ကစားသမားတွေကိုမျှဝေစေလိုရည်ရွယ်ချက်နဲ့ခေါ်ယူလိုတာဖြစ်ပြီးအထူးသဖြင့် လူငယ်ကစားသမားလေးဝီလီယံရဲ့အနာဂတ်အတွက် ဖြစ်ပါတယ်။တဲလ်ဟာအသင်၂၈နှစ်အရွယ်ရှိနေပြီးPSGအသင်းကလည်းခေါ်ယူဖို့စောင့်ကြည့်နေပါတယ်။ဘယ်နောက်ခံကစားသမားဖြစ်ပေမယ့်ဘယ်တောင်ပံတိုက်စစ်မှူးအဖြစ်လည်းကစားနိုင်သူဖြစ်ပါတယ်။သူဟာဂါလာတာဆာရေးကနေ ပေါ်တိုအသင်းကို၂၀၁၆ခုနှစ်ကပြောင်းရွေ့လာပြီးနောက်ပိုင်းပေါ်တိုအသင်းနဲ့၁၉၂ပွဲ ပွဲထွက်ကစားခဲ့ပြီးပေါ်တိုအသင်းရဲ့ပရိတ်သတ်အချစ်တော်ကစားသမားလည်းဖြစ်ပါတယ်။ဘယ်တောင်ပံခံစစ်သာမက ဘယ်တောင်ပံတိုက်စစ်ကစားသမားအဖြစ်လည်းကစားနိုင်ပြီး တိုက်စစ်ခံစစ်စွယ်စုံရကစားသမားပါ။

စွမ်းဆောင်ရည်ကလည်း အထင်ကြီးစရာဖြစ်ပြိးပေါ်တိုအသင်းအတွက် ၁၉၂ပွဲမှဦ ၂၄ဂိုးသွင်းယူထားပြီး၅၅ဂိုးဖန်တီးပေးထာတာခံစစ်သမားတစ်ယောက်အတွက်တော့ အံအားသင့်ဖွယ်စွမ်းဆောင်ချက်ပါ။တဲလက်ဟာ အခုအပြောင်းအရွေ့ရာသီမှာ မန်ယူအသင်းရဲ့ဒုတိယမြောက်လက်မှတ်ထိုးခေါ်ယူမှုဖြစ်လာမှာပါ။

Leave a Comment

Your email address will not be published.