ယနေ့ညမှာနောက်ကျပွဲအဖြစ်အိမ်ကွင်းအိုးထရက်ဖိုစ့်မှာ ယှဉ်ပြိုင်မယ့် ခရစ္စတယ်ပဲလေ့အသင်းနဲ့ပွဲစဉ်မှာအသင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့ဘယ်နောက်ခံကစားသမားလုရှောနဲ့ ကွင်းလယ်ကစားသမား ပေါပေါ့ဘာတို့ပြန်လည်ပါဝင်လာဖွယ်ရှိကြောင်းသိရပါတယ်။ခြေကျင်းဝတ်ဒဏ်ရာကြောင့်မနှစ်ကဘောလုံးရာသီနောက်ဆုံးပွဲစဉ်တွေကိုလွဲချော်ခဲ့ရတဲ့ရှောဟာကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာပြီးအသင်းနဲ့ ခြေစမ်းပွဲတပွဲဝင်ရောက်ကစားထားပါတယ်။အလားတူဘဲကိုရိုနာဗိုင်းရပ်ကူးစက်ခံရလို့အသင်းနဲ့သီးခြားခွဲနေနေရတဲ့ပေါပေါ့ဘာကိုလည်း ယနေ့မနက်၏နောက်ဆုံးလေ့ကျင့်ခန်းအစီစဉ်တွေမှာ အသင်းနှင့်အတူတွေ့မြင်နေရပြီး ပွဲထွက်ကစားသမားဖြစ်လာဖို့ရှိနေပါတယ်။

စိတ်ဝင်စစားစရာဖြစ်နေတဲ့ယူနိုက်တတ်ညာတောင်ပံမှာ ပြသနာတွေဆက်တိုက်ဖြစ်နေတဲ့ဂရင်းဝုဒ်အစား ဂျိမ်းလည်းပွဲထွက်လာနိုင်သလို့အားလုံးဖာနန်ဒက်ကလည်းခရစ္စမက်သစ်ပင်ပုံကစားကွက်နဲ့ညာဘက်ကိုရောက်လာနိုင်ကြောင်း သိရပါတယ်။အဆိုပါကစားကွက်ကိုကျင့်သုံးမယ်ဆိုရင်တော့ပေါ့ဘာ၊ဗန်ဒါဘိနဲ့ဖာနန်ဒက်အပြင် မာတစ်ကိုပါကွင်းထဲမှာတွေ့မြင်ရနိုင်ပါတယ်။မန်ယူနည်းပြဆိုးရှားကတော့ ဗန်ဒဘဘိတယောက်သာအားဖညြ့်ထားပေမယ့်ဟန်ဒါဆန်ပြန်ရောက်လာတာလည်း ကစားသမားသစ်ဝယ်ယူထားသလိုဘဲလို့ဆိုပါတယ်။အသင်းရဲ့ဂိုးသမားနေရာမှာပြိုင်ဆိုင်မှုပြင်းထန်လာပြီးကွင်းလယ်မှလည်းပြိုင်ဆိုင်မှုပြင်းထန်နေတယ်လို့ဆိုပါတယ် သူမှာဖရက်၊တော်မီနေးနဲ့မာတစ်တို့ဟာပေါ့ဘာ၊ဖာနန်ဒက်နဲ့ဗန်ဒါဘိတို့ကိုဘယ်သူ့ကိုပွဲထုတ်ရမလဲဒီညအတွက်ခေါင်းခြောက်နေကြောင်း မီဒီယာတွေကို ဖြေကြားသွားပါတယ်။

Leave a Comment

Your email address will not be published.