မန်ချက်စတတ်နိုက်တတ်အသင်းဟာ အိမ်ကွင်းမှာခရစ္စတယ်ပဲ့လေးအသင်းကို အရှက်ရဖွယိဂိုးပြတ်ရှုံးနိမ့်ခဲ့ရပါတယ်။အသင်းရဲ့လိုအပ်ချက်တွေကို ကွကိကွက်ကွင်းကွင်းတွေ့မြင်နေရပြီးဗဟိုနောက်ခံလူလင်ဒီလော့ရဒအြမှားကသုံးဂိုးလုံးမကင်းခဲ့တာကိုတွေ့ခဲ့ရသလိုတိုက်စစ်မှုးတွေဖြစ်တဲ့မာရှယ်နဲ့ရက်ဖို့တို့လည်းဂိုးပေါက်တည့်ကန်ချက်တကြိမ်မှမရခဲ့တာတွေ့ရပါတယိ။ပဲလေ့အသင်းဟာပွဲအစ၇မိနစ်ထဲကဦးဆောင်ဂိုးရခဲ့ပြီး လင်ဒီလော့ရဲမတားဆီးနိုင်မှုကနေ ဇာဟာက ဖြတ်တင်ဘောပေးပို့ခဲ့ပြီး လုရှောရဲ့နောက်ကနေ တေယင်ဆန်ကဝင်ပိတ်ပြီး အဖွင့်ဂိုးသွင်းယူသွားတာပါ။လင်ဒီလော့၊ရှော၊ပေါ့ဘာတို့ဆိုးရွားစွာခြေပျက်နေပြီးပုံမှန်ဘောလုံပေးပိုမြှုတွေပင်မမှန်ဘဲ ပဲလေ့အသင်းရဲ့အပိုင်ကန်ချက်တကြိမ်ကို ဒီဂီယာကာကွယ်ခဲ့လို့ ပထမပိုင်းမှာဂိုးပြတ်မရှုံးခဲ့ရတာပါ။

ဒုတိယပိုင်းအစမှာ ခြေမပေါ်တဲ့ဂျိမ်းအစား ဂရင်းဝုဒ်ဝင်ရောက်လာပြီးဖိကစားနိုင်ပင်မယ့်၇၄မိနစ်မှာ လင်ဒီလော့ရဲ့လက်ထိဘောကနေပင်နယ်တီပေးခဲ့ရပြီး ပထမအကြိမ် အယူးကန်သွငိးရာဂိုးသမားမိခဲ့ပေမယ့် မကန်ခင်စည်းအပြင်ထွကိနေသည်ဟုဆိုကာဒုတိယအကြိမ်ပြန်ကန်ခိုင်းရာမှာတော့ ဇာဟာကန်သွင်းယူသွားခဲ့ပါတယ်။မန်ယူအတွကိချေပဂိုးဂိုတော့ ပေါ့ဘာအစားဝင်ကစားတဲ့ဗန်ဒါဘိကယူနိုက်တတ်ကစားသမားဘဝအဖွင့်ဂိုးအဖြစ်၈၀မိနစ်မှာခြေပခဲ့ပြီး၈၅မိနစိမှာဇာဟာကိူ တဦးချင်းမထိမ်းနိုင်တဲ့လင်ဒီလော့ရဲ့ဖျက်ထုတ်ပုံမသေသပ်ရာကနေတတိယဂိုးကိုဇာဟာကသွင်းယူပြီး၁း၃ရလာဒ်နဲ့အိမ်ကွင်းမှာဂိုးပြတ်ရှုံးခဲ့ရပါတယိ။အသင်းကိုအင်အားဖြည့်တင်းမှုမလုပ်ရင်တော့အဆင့်၅အတွင်းပင်ဝင်ဖို့မလွယ်တဲ့အခြေတေထိဆိုးရွားစွာမြင်တွေ့ခဲ့ရပါတယ်။

Leave a Comment

Your email address will not be published.