မန်ယူအသင်းဟာပေါ်တိုအသင်းရဲ့ ဘရာဇီးဘယ်နောက်ခံကစားသမား အဲလက်တဲလ်ကိုပောင်၁၈.၃သန်းနဲ့ခေါ်ယူဖို့သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်း The Espressသတင်းမှာဖေါ်ပြလိုက်ပါတယ်။မန်ယူအသင်းဟာ ရီးရဲယ်အသင်းက စပိန်လက်ရွေးစင်ဘယ်နောက်ခံကစားသမားကိုခေါ်ယူရန်လက်လွှတ်ခဲ့ရပြီးနောက်မှာ ဘရာဇီးကြယ်ပွင့်ကို မြန်မြန်ဘဲခေါ်ယူဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ကစားသမားနဲ့ပုဂ္ဂိုလ်းဆိုင်ရာသဘောတူညီချက်လည်းရရှိထားပြီးဖြစ်ကြောင်း အဆိုပါသတင်းမှာဖေါ်ပြထားပြီးမန်ယူအသင်းနဲ့၅နှစ်စာချုပ်ချုပ်ဆိုမှဖြစ်ပါတယ်။အသက်၂၇အရွ‌ယ်အဲလက်တဲလ်ဟာ ဘယ်နောက်ခံလူအဖြစ်သာမက ဘယ်တေယင်ပံတိုက်စ်မှူးအဖြစ်ပါကစားနိုင်ကြောင်းသိရပါတယ်။

မန်ယူနည်းပြဆိုးရှားဟာအသင်းရဲ့ဘယ်နောက်ခံကစားသမားလုရှောရဲ့ဒဏ်ရာမကြာခဏရရှိနိုင်မှုတွေကိုစိတ်ပျက်နေပြီးညာနောက်ခံကစားသမားဘစ်ဆာကာဟာလည်းတိုက်စစ်ကိုလိုက်ပါထောက်ပံ့နိုင်မှုအလွန်အားနည်းတာကို လည်းအသင်းရဲ့အားနည်းချက်အဖြစ်ရှုမြင်ထားပါတယ်။ရှောကတော့ တိုက်စစ်လိုက်ပါမှု စွမ်းဆောင်ရည်ရှိနေပေမယ့်မနှစ်က ဘောလုံးရာသီမှာ လုရှောဟာ ပရီးမီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဂိုးဖန်တီးမှုတကြိမ်မှ မရခဲ့ကြောင်းသိရပါတယ်။ညာနောက်ခံကစားသမားဘစ်ဆာကာကတော့ဖန်တီးမှုလေးကြိမ်ရှိခဲ့ပြီး ၂၅ကြိမ်ဖန်တီးခဲ့တဲ့လီပါပူလ်းနောက်ခံကစားသမားနှစ်ယောက်နဲ့နှိုင်းယှဉ်ရင် အလွန်ဝေးကွာနေတာဖြစ်ပါတယ်။ဒါကြောင့်တိုက်စစ်လိုက်ပါနိုင်စွမ်းကောင်းမွန်တဲ့ အဲလက်တဲယ်ကို ဝယ်ယူဖို့ဆုံးဖြစ်လိုက်တာပါ။တဲယ်ဟာပေါ်တိုအသင်းမှာမနှစ်ကဘောလုံးရာသီမှာဂိုးဖန်တီးမှု၂၅ကြိမ်ပြုလုပ်ခဲ့သူပါ။တဲလ်ကိုခေါ်ယူရန်PSGအသင်းကလည်း အနီးကပ်စောင့်ကြည့်နေတာကြောင့် အင်္ကျီကိုင်ပြီး ဓါတ်ပုံရိုက်ပြီးမှသာ အပြောင်းအရွှ့ကသေချာပြီလို့ပြောနိုင်မှာပါ။

Related Topic:

Leave a Comment

Your email address will not be published.