လီပါပူလ်းအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းက ကွင်းလယ်ကစားသမားသီရာဂိုအယ်ကန်တရာကိုဝယ်ယူပြီးတရက်အတွင်းမှာနောက်ထပ်တန်ဖိုးကြီးကစားသမားဝယ်ယူမှုတစ်ခုထပ်မံပြုလုပ်ခဲ့ပါတယ်။လီပါပူလ်းအသင်းထပ်မံဝယ်ယူလိုက်တဲ့ကစားသမားကတော့ ဝုဗ်အသင်းရဲ့တောင်ပံတိုက်စစ်မှူးဒီရေဂိုဂျိုတာဘဲဖြစ်ပါတယ်။လီပါပူလ်းအသင်းဟာဂျိုတာကို ဝုဗ်အသင်းကနေပောင်၄၅သန်းနဲ့ဝယ်ယူခဲ့ပြီးAddOnကြေးပေါင်၅သန်းထပ်မံပေးချေရဦးမှာဖြစ်ပါတယ်။အဆိုပါဝယ်ယူမှုမှာ လီပါပူးလ်အသင်းဟာအသင်းကအသင်၁၈နှစ်အရွယ်နယ်သာလန်နောက်ခံကစားသမားဟိုဗားကိုပေါင်၁၀သန်းနဲ့ဝုဗ်အသင်းကိုပြန်လည်ရောင်းချပေးခဲ့ရပါသေးတယ်။အဆိုပါပေါင်၁၀သန်းနဲ့အရောင်းအဝယ်ဟာဂျုတာအရောင်းအဝယ်နဲ့သက်ဆိုင်ခြင်းမရှိဘဲသီးခြားစီသာဖြစ်ကြောင်းသိရပါတယ်။ဂျိုတာဟာလီပါပူလ်းအသင်းနဲ့ စနေနေ့မှာ ကျန်းမာရေး
စစ်ဆေးမှုခံယူမှာဖြစ်ပြီး နောက်မှာတော့တရားဝင်ကြေငြာမှာဖြစ်ပါတယ်။အသက်၂၃နှစ်အရွယ်ပေါ်တူဂီလက်ရွေးစင်ဂျိုတာဟာ တောင်ပံတိုက်စစ်နေရာသာမကတိုက်စစ်မှူးအဖြစ်ပါကစားနိုင်သူဖြစ်ပါတယ်။အဆိုပါအနေအထားကြောင့်လီပါပူလ်းအသင်းရဲ့တိုက်စစ်မှူး၃ဦးဖြစ်တဲ့ဆာလပ်၊ဖာမိနို၊မာနေးတို့ရဲ့အရန်အတွက်ကို အထူးအားကိုးလို့ရလာနိုင်ဖွယ်ရှိနေပါတယ်။အထူးသဖြင့်အသင်းပြောင်းဖို့သတင်းတွေထွက်နေတဲ့တိုက်စစ်မှူးမာနေးနဲ့ကစားပုံဆင်တဲ့ ဂျိုတာဟာ မာနေးကိုရောင်းချဖို့ပြင်ဆင်လာတာလားထင်စရာရှိနေပါတယ်။

ဂျိုတာဟာ ဝုဗ်အသင်းမှာပရီးမီယားလိဂ်ပွဲထွက်၆၇ပွဲကစားထားပြီး ၁၆ဂိုးသွင်းယူကာ၆ဂိုးဖန်တီးပေးထားပါတယ်။ယူရိုပါလိဂ်ပွဲစဉ်တွေမှာတော့အထူးခြေစွမ်းပြသထားပြီးရှစ်ပွဲမှာ၆ဂိုးသွင်ဒယူထားပါတယ်။တစ်ဦးချင်းကျွမ်းကျင်မှုကိုလျှင်မြန်မှုနဲ့ပောင်းစပ်ကစားနိုင်တဲ့ဂျိုတာဟာ လီပါပူလ်းကစားပုံနဲ့ အံဝင်မှာ သေချာနေတာတော့အမှန်ပါ။

Leave a Comment

Your email address will not be published.