အာဆင်နယ်အသင်းက ဝက်ဟမ်းအသင်းကို၂း၁ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အသင်းနဲ့သွေးပူလေ့ကျင့်ခန်းလုပ်နေစဉ်မှာပွဲဝင်ခဲ့ပြီးပွဲထွက်ကစားချိန်မှာ အသင်းရဲ့လူစားရင်းနဲ့လွဲချော်ခဲ့တဲ့တီရာနေးဟာ ကြွက်သားနာကျင်မှုတွေခံစားနေရကြောင်းအာတေးတားကမီဒီယာတွေကိုရှင်းပြခဲ့ပါတယ်။အာတေးတားက သူကိုပထမအသင်းမှာ ရာထားထားတာပါ။ဒါပေမယ့်သူကြွက်သားနာကျင်မှုတွေခ့စားနေရတယ်လို့ အရင်နေ့တွေထဲက ပြောခဲ့တာပါ။သွေးပူလေ့ကျင့်ခန်းလုပ်ချိန်ထိသူကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။ဒါပေမယ့်သူသက်တောင့်သက်သာမရှိဘူးလို့ဆေးအဖွဲ့ကို အကြောင်းကြားခဲ့ပါတယ်။

သူအသင်းနဲ့အံဝင်ဂွင်ကျခြေစွမ်းပြကစားနိုင်မယ်လို့ကျွန်တော်ထင်ထားတာသူ့ဒဏ်ရာပြသနာကိုကျွန်တော်မထိမ်းချုပ်နိုင်ခဲ့ပါဘူး။သူကလည်းသူအဆင်မပြေဘူးလို့ပြောလာတာကြောင့် ကျွန်တော်တို့ ကိုလာ့ ကိုသုံးဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်.ဒါပေမယ့် ဒီပွဲကလည်းကိုလာအတွက် သိပ်ကိုကောင်းတဲ့ပွဲတပွဲဖြစ်ခဲ့တာ အားလုံးအမြင်ပါ။လောလောဆယ်တော့တီယာနေးအခြေအနေကောင်းပါတယ်။ဘယ်လောက်အနားယူရမယ် မသိပါဘူး။အာဆင်နယ်အသင်းဟာဝက်ဟမ်းအသင်းကို အိမ်ကွင်းအင်းမရိတ်မှာ တိုက်စစ်မှူးလာကာဇက်နဲ့အန်ကက်တီယားတို့ရဲ့သွင်းဂိုးတွေနဲ့ ၂း၁ရလာဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်။အန်ကက်တီးယားရဲ့သွင်းဂိုးကိုတော့ယခင်အပါတ်ကရန်ဖြစ်ခဲ့တယ်လို့သတင်းထွက်ခဲ့တဲ့ကွင်းလယ်ကစားသမားစီဘာယော့ကဖန်တီးပေးခဲ့တာပါ။အခုအခာအာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်နှစ်ပွဲကစားနှစ်ပွဲနိုင်နဲ့ ၆မှတ်ရရှိထားပါပြီ။

Leave a Comment

Your email address will not be published.