အိုးထရက်ဖို့ဒ်တွင်ခရစ္စတယ်ပဲလေ့စ်ကိုမထင်မှတ်ဘဲ၃-၁ဖြင့်ရှုံးနိမ့်ကာပရီးမီးယားအဖွင့်ပွဲအရှုံးနှင့်ရင်ဆိုင်ရပြီးနောက်မန်ယူနည်းပြဆိုးလ်ရှားကကစားသမားရွေးချယ်ရနည်းပါးနေပြီးနောက်ထပ်ကစားသမားသစ်ခေါ်ယူရန် လိုအပ်သေးကြောင်းပြောကြားလိုက်ပါတယ်။မန်ယူဟာခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင်ကစားဟန်အားရစရာမရှိခဲ့တဲ့အပြင်အခွင့်အရေးဖန်တီးနိုင်မှုကလည်းအလွန်နည်းပါးခဲ့ပါတယ်။ပဲလေ့စ်အတွက်ဂိုးများကိုတောင်းဆင့်နှင့်ဇာဟာတို့ကသွင်းယူခဲ့ပြီးမန်ယူအတွက်ချေပဂိုးကိုမန်ယူအတွက်ပထမဆုံးပွဲအဖြစ်အရန်အဖြစ်ဝင်ကစားတဲ့ဗန်ဒီဘိခ်ကသွင်းယူခဲ့ပါတယ်။ဗန်ဒီဘိခ်မှာယခုနွေရာသီတွင်မန်ယူကခေါ်ယူထားတဲ့တစ်ဦးတည်းသောကစားသမားလည်းဖြစ်ပါတယ်။

ဆိုးလ်ရှားက “ကစားသမားရွေးချယ်နိုင်မှုနည်းပါးတာခင်ဗျားတို့လည်းတွေ့မှာပါ။ ခရစ္စတယ်‌ပဲလေ့စ်အနိုင်နဲ့ထိုက်တန်ပါတယ်။ပဲလေ့စ်ကကျွန်တော်တို့ထက်ပိုပြီးတော့ကြံ့ခိုင်မှုကောင်းနေပါတယ်။အထူးသဖြင့်ဘောလုံးဖျက်ထုတ်မှုအပိုင်း၊တွန်းတွန်းတိုက်တိုက်ကစားမှုအပိုင်းမှာပါ။ကျွန်တော်တို့ကတာထွက်နှေးပြီးပထမဂိုးပေးလိုက်ရတာတော့တစ်ပွဲလုံးအပေါ်ရိုက်ခတ်သွားခဲ့တယ်။

ကျွန်တော်တို့ဟာပြီးခဲ့တဲ့ရာသီ တုန်းကရှည်လျားတဲ့ရာသီတစ်ခုကြုံခဲ့ရပါတယ်။ဩဂုတ်လ၁၆အထိမနားခဲ့ရပါဘူး။ပြင်ဆင်မှုလည်းကောင်းကောင်းမလုပ်ခဲ့ရဘူး။အသင်းမှာရှိတဲ့သူတွေနဲ့အကောင်းဆုံးအပြင်းထန်ဆုံးပြင်ဆင်ခဲ့ကြတယ်။ရွိုင်းဟော့ဆန်နဲ့စကားပြောဖြစ်တော့သူကခြေစမ်းပွဲလေးပွဲကစားခဲ့ရတယ်လို့ပြောတယ်။ပြီးတော့ပြိုင်ပွဲသုံးပွဲလည်းကစားထားရပါတယ်။ကျွန်တော်တို့ကတော့ပြီးခဲ့တဲ့အပတ်တုန်းကဗီလာနဲ့တစ်ပွဲဘဲခြေစမ်းနိုင်ခဲ့တယ်။ကျွန်တော်တို့ဟာရတဲ့အချိန်နဲ့ရသလောက် အဆင်သင့်ဖြစ်နေအောင် လုပ်ခဲ့ကြပါတယ်။ဒါပေမယ့်ကျွန်တော်တို့အမြန်ဆုံးတိုးတက်ကောင်းမွန်လာဖို့မျှော်လင့်နေပါတယ်”လို့ပြောကြားသွားပါတယ်။

Leave a Comment

Your email address will not be published.