ပဲလေ့နဲ့ပွဲမှာအမှားများလွန်းခဲ့တဲ့ မန်ယူဗဟိုနောက်ခံလူလင်ဒီလော့ နေရာကိုအခြားကစားသမားနဲ့ အထားထိုးဖို့ပြောကြားပြီးမန်ယူအသင်းရဲ့နောက်တန်းကစားပုံတွေကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။ဒီပုံစံနဲ့ဆိုရင်မန်ယူဟာ ဘာမှဖြစ်လာဖို့မရှိပါဘူးအင်အားဖြည့်တင်းမှုတွေလိုအပ်နေပါတယ်။ဘုတ်အဖွဲ့ ရဲ့လုပ်ဆောင်ချက်တွေက စိတ်ပျက်စရာပါ။မနေ့ကပွဲမှာ ဗဟိုနောက်ခံလူတွေ ဟာ တစ်ဦးချင်းကျွမ်းကျင်ပြီးလျှင်မြန်တဲ့ဇာဟာနဲ့တောင်ဆန်တို့လိုကစားသမားတွေကို မထိမ်းချုပ်နိုင်ဘူးဆိုတာ မြင်သာပါတယ်။လင်ဒီလော့ဟာ တတိယဂိုးမှာ လုံးဝတာဝန်ရှိပါတယ်။ဖျက်ထုတ်လို့ရမယ့် ၅၀%၅၀%အနေထားမှာ အင်မတန်ကိုညံ့ဖျင်းခဲ့ပါတယ်။နောက်ထပ်ပြသနာက လင်ဒီလော့နဲ့ မက်ဂွိုင်းယား က ကစားပုံဆင်တူနေပြီးတစ်ဦးချင်းကျွမ်းကျင်တဲ့ကစားသမားတွေကိုထိမ်းချုပ်ရာမှာ နှစ်ယောက်စလုံးကနှေးကွေးပါတယ်။မန်ယူခံစစ်ကြောင်းမှာ လူစားလဲဖို့လိုက်ု လိုနေပါပြီ။သူတို့နှစ်ယောက်တွဲက မနှစ်က ခရစ္စမတ်လောက်တုန်းကကောင်းခဲ့တာပါ။အခုတော့ကျန်ခဲ့ပါပြီ။မက်ဂွိုင်းဟားကို ပိုမိုမြန်ဆန်တဲ့ခံစစ်မှူးနဲ့တွဲဖက်ပြီး မန်ယူနောက်တန်းကိုပြင်ဆင်သင့်နေပါပြီ။အသင်းကိုနောက်တဆင့်တတ်ဖို့မဖြစ်မနေလုပ်ဆောင်သင့်ပါတယ်လို့Sky Sportအင်တာဗျူးမှာဖြေကြားခဲ့တာပါ။ယမန်နေ့ညကပွဲစဉ်မှာ မန်ယူအသင်းဟာ အိမ်ကွင်းအိုးထရက်ဖို့မှာ ခရစ္စတယ်ပဲ့လေ့အသင်းကို ၁း၃ဆိုတဲ့ရလာဒ်နဲ့ဂိုးပြတ်ရှိုးနိမ့်ခဲ့ပြီးမန်ယူနောက်ခံလူလင်ဒီလော့ ဟာမန်ယူတသင်းလုံးမှာအမှားအများဆုံးဖြစ်ခဲပါတယ်။လင်ဒီလော့လိုဘဲအမှားများခဲ့ကြတဲ့ကစားသမားတေါကတော့ လုရှော၊ပေါ့ဘာ၊ရက်ဖို့စ်၊မာရှယ်၊ဂျိမ်းတို့ဖြစ်ကြပါတယ်။

မန်ယူအသင်းပေးခဲ့ရတဲ့ ၃ဂိုးလုံးမှာလင်ဒီလော့အမှားမကင်းခဲ့ဘဲ ပထမဂိုးမှာဇာဟာကလင်ဒီလော့ကိုဖြတ်ကျော်ပြီးဘောလုံးပေးပို့ရာမှ တောင်ဆန်ကပိတ်သွင်းခဲ့သလို၊ဒုတိယဂိုးကလည်း လင်ဒီလော့ရဲ့လက်ထိဘောကို ပင်နယ်တီပေးခဲ့ရတာပါ၊တတိယဂိုးကအဆိုးဆုံးဖြစ်ခဲ့ပြီး လင်ဒီလော့ရဲ့ဖျက်ထုတ်ပုံမသေသပ်ရာမှ ဇာဟာကတကိုယ်တော်အစွမ်းနဲ့ တတိယဂိုးသွင်းယူခဲ့တာပါ။

Leave a Comment

Your email address will not be published.