မန်ယူအသင်းဟာ အသင်းရဲ့အားနည်းချက်ဖြစ်နေသောဗဟိုခ့စစ်နေရာကိုမန်ယူအသင်းအနေနဲ့အားဖြည့်ဖို့ အစီအစဉ်နည်းနည်းလေးမှမရှိဘူးလို့ ဗြိတိန်ဘောလုံးအပြောင်းအရွှေ့သတင်းတွေရဲ့ကျွမ်းကျင်သူ ကက်စတယ်ကဆိုပါတယ်။

 

မန်ယူအသင်းမှာ ဗဟိုနောက်ခံလူတွေလိုအပ်တာထက်ပိုရှံနေတာကြောင့်အဆိုပါနေရာကိုအားဖြည့်ဖို့ မန်ယူရဲ့ဘဏ်တိုက်ကိုဖွင့်မှာ မဟုတ်ကြောင်းရှင်းပြထားပါတယ်။မန်ယူအသင်းမှာ ခံစစ်အတွင်းလူများအဖြစ် ရိုဂျို။စမောလင်း၊ဖီးဂျုံးဘိုင်လီ၊လင်ဒီလော့၊မက်ဂွိုင်းယားတို့ရှိနေတာကြောင့် ကစားခွင့်နှစ်နေရာအတွက် ကစားသမားခြောက်ဦးဖြစ်နေတာကိုထောက်ပြပါတယ်။

ဒါ့အပြင် မန်ယူဟာ ဒီဘက်နှစ်ပိုင်းတွမှာ ဗဟိုနောက်ခံလူအတွက်စုစုပေါင်းကုန်ကျစရိတ်၁၈၂သန်းရှိထားတာကလည်း နောက်ထပ်ဝယ်ယူမှုအတွက် အတားအဆီးအကြီးကြီးဖြစ်နေကြောင်းပြောပါတယ်။

ကက်စတယ်က တကယ်လို့ စမောလင်းနဲ့ ရိုဂျိုတို့အသင်းပြောင်းရွှေ့သွားရင်တောင်မှဘဲလူငယ်နောက်ခံလူ တွမ်ဇီဘီနဲ့မက်ဂီတို့ရှိနေသေးတဲ့အပြင်လိုအပ်ပါက ကွင်းလဘ်ကတွန်မီနေးနဲ့ မာတစ်တို့ကလည်းခံစစ်မူးအဖြစ်ကစားနိုင်တာကြောင့်ခံစစ်ဝယ်ယူမှု ကလုံးဝဖြစ်မလာနိုင်ဘူးလို့ဆိုပါတယ်။

ဆိုးရှားကလည်း ပြီးခဲ့တဲ့ဘောလုံးရာသီက လင်ဒီလော့နဲ့မက်ဂွိုင်းတို့ခံစစ်အတွဲက၃၇ဂိုးဘဲပေးခဲ့ရတဲ့မှတ်တမ်းကိုလည်းနှစ်သက်နေတာကြောင့် တခါတရံအာရုံစူးစိုက်မှုအားနည်းတဲ့ လင်ဒီလော့ကိုဘဲအခုထက် အာရုံစိုက်ကစားဖို့တောင်းဆိုပြီးနောက်တန်းကိုအပြောင်းအလဲလုပ်ဖွယ်မရှိဘူးလို့သိရပါတယ်။

ဖြစ်လာနိုင်တဲ့ ဝယ်ယူမှုကတော့ ဘယ်နောက်ခံနေရာအတွက် ဝယ်ယူမှုကတော့မကြာခင်မြင်တွေ့ရဖွယ်ရှိနေပြီးယူနိုက်တတ်ရဲ့အားနည်းချက်တွေထဲကတခုဖြစ်နေတဲ့ ညာတောင်ပံတိုက်စစ်မှုးဝယ်ယူမှုကိုလည်းတွေ့ရမယ်လို့ဆိုပါတယ်။

ကာစတယ်ရဲ့သုံးသပ်ချက်အရ ပေါ်တိုဘယ်နောက်ခံလူအဲလက်တဲ့လ်ကိုသာခေါ်ယူဖြစ်ရင် မန်ယူအသင်းဟာ ညာတောင်ပံကစားသမားတစ်ဦးသာထပ်ခေဈယူလိမ့်မယ်ဆိုပါတယ်။တဲလ်ဟာ ဘယ်တောင်ပံတိုက်စစ်မှူးအဖြစ်ပါကစားနိုင်တာကြောင့်ဘယ်နောက်ခံနေရာမှာရှောကစားနေပါက ရက်ဖို့စ်ရဲ့နေရာကိုတဲယ်က ကစားလာနိုင်ပြီး ရက်ဖိုစ့်က တိုက်စစ်မှူးနေရာကိုပြောင်းရွှေ့ကစားနိုင်တာကြောင့် တိုက်စစ်လိုအပ်ချက် နည်းလာနိုင်သလို ညာတောင်ပံကစားသမားဝယ်ယူခြင်းဖြင့် ဂရင်းဝုဒ်က တိုက်စစ်မှူးအဖြစ်ပြန်ကစားနိုင်တာကြောင့်တိုက်စစ်လိုအပ်ချက်မရှိနိုင်တော့ကြောင်းသုံးသပ်ထားပါတယ်။

Leave a Comment

Your email address will not be published.