ပေါစခိုးလ်ကတော့ မန်ယူကွင်းလယ်မှာ ရိုင်ယန်ဂစ်နဲ့ အတူ အချိန်ကြာမြင့်စွာကစားပြီး အောင်မြင်မှုတွေ ရထားခဲ့တဲ့ ကစားသမားတယောက်ဖြစ်ပါတယ်….ပေါစခိုးလ်ကတော့ မနေ့ညက ခရစ်တယ်ပဲလေ့နဲ့ပွဲအပြီးမှာ Sport Tibble News မှာယခုလိုပြောသွားခဲ့ပါတယ်…

ပေါစခိုးလ်က ” မန်ယူအသင်းသားအားလုံးဟာ ယုံကြည်မှု ပျောက်ဆုံးပြီး မြည်းတွေလိုကစားနေတယ် ပြီးတော့ ကွင်းလယ်မှာ အားစိုက်ထုတ်မှု သိပ်မရှိတဲ့အပြင် ဘောလုံးဟာ တိုက်စစ် ဆင်တာ မျိုး မရှိဘဲ လေ့ကျင့်ရေးကွင်းမှာ ကစားသလို ကစားနေကြတယ် ” ဆိုပီးတော့ ပြောခဲ့ပါတယ်…

.

 

Sport Tibble News က ပေါစခိုးလ်အား မန်ယူနည်းပြလုပ်ခွင့်ရမယ်ဆို ဘယ်လိုလဲဟုမေးခဲ့ရာမှာ ပေါစခိုးလ်က ယခုလိုပြန်လည်ဖြေကြားခဲ့ပါတယ်…..ပေါစခိုးလ်က ” ကျနော်တို့ခေတ်ကမန်ယူဟာ ဖာဂူဆန်က စည်းကမ်းတင်ကျပ်သလို အရမ်းလည်း စုဖွဲ့မှုအားကောင်းတဲ့ အသင်းတသင်းအဖြစ်ရပ်တည်ခဲ့ပါတယ် ….နောက်ပြီး ကစားသမားအားလုံးနီးပါဟာ ပွဲတိုင်းမှာ မရပ်မနားပြေးပြီး ပွဲပြီးသည်အထိ ဂိုးရရှိဖို့အားထုတ်နေတဲ့ လူတွေချည်းဘဲ အခုလို လေးကန်နေတဲ့ လူတွေစုဖွဲ့ထားတဲ့ အသင်းကို ကျနော်တော့ ကိုင်တွယ်ဖို့ မစဉ်းစားထားဘူး…ဒါပေမဲ့ ကျနော် မန်ယူကိုချစ်ပါတယ်…ကျနော် မန်ယူကိုကိုင်တွယ်ဖို့ဆိုရင် အသင်းသားအားလုံးကို ရောင်းထုတ်ပစ်ပီးမှဘဲ ကျနော် မန်နေဂျာလုပ်ဖြစ်မယ်ဆိုပြီးတော့ ” ပြောသွားခဲ့ပါတယ်….

 

Leave a Comment

Your email address will not be published.