မန်ယူအသင်းဟာအဖွင့်ပွဲစဉ်မှာ စိတ်ပျက်ဖွယ်ခြေဟစွမ်းနဲ့အမှားအယွင်းများခဲ့တဲ့နောက်ခံလူလင်ဒီလော့ရဲ့နေရာမှာ မိုနာကိုအသင်းကလူငယ်နောက်ခံကစားသမားလေးဘီနော့ကို ခေါ်ယူနိုင်ဖို့ထပ်မံကျိုးပန်းနေပါတယ်။

မန်ယူအသင်းဟာ အခုအပြောင်းအရွှေ့ရာသီအစောပိုင်းက ဘီနော့ကို မိုနာကိုအသင်းထံမှခေါ်ယရန်ပောင်၂၂.၈သန်းကမ်းလှမ်းခဲ့ဘူးပြီး မိုနာကိုအသင်းကပါယ်ချထားတာပါ။အခုနောက်တကြိမ်ကိုတော့ပြောင်းရွှေ့ကြေးတိုးမြှင့်ကမ်းလှမ်းဖို့ပြင်ဆင်နေတာပါ။

အသက်၁၉နှစ်အရွယ်ဘီနော့ဟာ မိုနာကိုအသင်းနဲ့ ပြီးခဲ့တဲ့ရာသီကမှ တပွဲသာကစားဘူးထားပြီးယခုရာသီအတွက် သုံးပွဲပါဝင်ကစားကာ ၂ဂိုးသွင်းယူထားနိုင်သည်အထိခြေစွမ်းပြသထားပါတယ်။

ဘီနော့ကိုမိုနာကိုလူငယ်အသင်းကပေါ်ထွက်လာတဲ့ကစားသမားဖြစ်ပြီးအနာဂတ်အလားအလာအလွန်ကောင်းတဲ့ကစားသမားအဖြစ်ဥရောပဘောလု့းအသိုင်းအဝိုင်းကသတ်မှတ်ခံထားရသူပါ။ဗဟိုနောက်ခံလူ အဖြစ်သာကစားနိုင်ပေမယ်ဆိုးရှားအလိုရှိနေတဲ့ ဘယ်ခြေအားသန်လျှင်မြန်တဲ့နောက်ခံကစာသမားဖြစ်ပါတယ်။

ကိုလီဘာလေကိုခေါ်ယူပါက ပေါင်သန်း၇၀ခန့်ကုန်ကျမယ့်မန်ယူဟယ ဘီနော့လိုလူငယ်ခြေတတ်ယောက်အတွက်ပေါင်သန်း၃၀ခန့် သုံးသွားနိုင်ပါတယ်။အခုနောက်ပိုင်းပွဲဦးထွက်ခြေစွမ်းဆိုးရွားပြီး ဂိုးပြတ်ရှုံးနိမ့်မှုအပေါ်မှာ အသင်းရဲ့အပြောင်းအရွှေ့တာဝန်ရှိသူဝုဒ်ဝက်အပေါ်ဖိအားကျရောက်နေတာကြောင့်အပြောင်းအရွှ့ကိစ္စတွေကိုလျှင်လျှင်မြန်မြန်ဆက်သွယ်လာနေတဲ့မန်ယူအသင်းဟာ အခုအပြောင်းအရွှေ့ရာသီမကုန်ဆုံးခင် ကစားသမားခေါ်ယူမှုသုံးခုပြုလုပ်မယ်ဆိုနေပါတယ်

Leave a Comment

Your email address will not be published.