အလံပြဘုရားလမ်းရှိ (၈)လွှာတိုက်အပေါ်ဆုံးထပ်မှ မှန်ချပ်ပြုတ်ကျ၊ အသက်(၈၀)အရွယ် အဖိုးအိုတစ်ဦး သေဆုံးသွားကြောင်းသိရသည်။ဖြစ်စဉ်မှာမင်္ဂလာတောင်ညွန့်မြို့နယ်၊စံပြဖဆပလ ရပ်ကွက် အလံပြဘုရားလမ်း ပေါ်ရှိ (၈)လွှာတိုက်အပေါ်ဆုံးထပ်မှ မှန်ချပ်ပြုတ်ကျရာ မြေညီထပ်တွင်နေထိုင်သူ အသက်(၈၀)အဖိုးအို၏ ခြေသလုံး ထိခိုက်ပြီး တဂေါက်ကျော ပြတ်ရှဒဏ်ရာရရှိကာ

ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရောက်သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။အောက်ထပ်‌နေသူများလည်း အပေါ်ထပ်ကို သတိထားကြည့်ရန်နှင့်
အပေါ်ထပ်နေသူများကလည်း ကိုယ့်ပစ္စည်းတွေ အောက်ပြုတ်မကျအောင် သတိရှိကြရန်လိုအပ်ပါသည်။

Leave a Comment

Your email address will not be published.